ညောင်ဦးမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၅၈ ရွက် ဖမ်းဆီးရမိ


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့် က ငါ့သရောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်  ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၅၈ ရွက် ဖမ်းဆီးရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

 သတင်းအရ ညောင်ဦးမြို့နယ်၊ ဆည်ကျေးရွာနေ ဦးသန်းဝင်းထွန်း(၄၂)နှစ် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်မှ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၅၈ ရွက်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး စစ်မေးရာမှာ စက်တင်ဘာလ ၆ ရက်နေ့ ၁၇၀၀ အချိန် လှိုင်သာယာမြို့နယ် "ဝင်းဝင်း" လက်ဖက်ရည်ဆိုင်၌ ဦးမုတ်ဆိတ် (စိစစ်ဆဲ)ထံမှ ၎င်းရောင်းချထားသော ကြက်ဖိုးငွေ ပေးချေ၍ ရရှိခဲ့သော ငွေများဖြစ်ကြောင်း သိရှိရ၍ ဦးသန်းဝင်းထွန်း(ဖမ်းမိ)အား ငါ့သရောက်နယ်မြေရဲစခန်း (ပ) ၁၃/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ညောင်ဦးမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၅၈ ရွက် ဖမ်းဆီးရမိ ညောင်ဦးမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၅၈ ရွက် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.