ရန်ကုန်လေဆိပ်မှာ ခရီးသည်တစ်ဦး နှလုံးသွေးကြောပိတ်ပြီး သေဆုံး


စက်တင်ဘာလ(၃)ရက် မနက် (၈)နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်စောင့်ဆိုင်းနေတဲ့ ခရီးသည်တစ်ဦးသေဆုံးခဲ့ပါတယ်။ Terminal-3 ရဲ့ Gate-3 အနီးက ခရီးသည်များ နားနေဆောင်မှာ စောင့်ဆိုင်းနေတဲ့ နေပြည်တော်(လယ်ဝေး)မြို့နယ်က အသက်(၃၆)နှစ် အရွယ် အမျိုးသားတစ်ဦး နှလုံးသွေးကြောပိတ်ပြီး သေဆုံးခဲ့တာလို့ လေဆိပ်ရဲစခန်းက အတည်ပြုပါတယ်။

 သူဟာ ရန်ကုန်ကနေ ကော့သောင်းကို ထွက်ခွာမယ့် MNA လေကြောင်းလိုင်းကို စီးနင်းဖို့ စောင့်ဆိုင်းနေစဉ် ဖြစ်ပွားခဲ့တာပါ။ လေဆိပ်က ဆရာဝန်တွေက ကုသပေးခဲ့ပေမယ့် မသက်သာတာကြောင့် မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်မှာ သေဆုံး ခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂၀/၂၀၁၈)နဲ့ အမှုဖွင့်ထားပါတယ်။

ဓာတ်ပုံ - Myint Mho Oo
5 PLUS NEWS
https://www.facebook.com/5plusnews
ရန်ကုန်လေဆိပ်မှာ ခရီးသည်တစ်ဦး နှလုံးသွေးကြောပိတ်ပြီး သေဆုံး ရန်ကုန်လေဆိပ်မှာ ခရီးသည်တစ်ဦး နှလုံးသွေးကြောပိတ်ပြီး သေဆုံး Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.