ဗီယက်နမ်အစိုးရ ဝေဖန်သူ ထောင် ၁၄ နှစ်ကျ

(မူလတန်းပြကျောင်းဆရာဟောင်း Dao Quang Thuc ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ဗီယက်နမ်နိုင်ငံက တရားရုံးမှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ အမိန့်ချမှတ်ခဲ့စဉ်)
ဗီယက်နမ် အစိုးရက အငြိမ်းစား ကျောင်းဆရာတစ်ဦးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ မနေ့က ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၅၈ နှစ်ရှိတဲ့ အဲဒီ မူလတန်းပြကျောင်းဆရာဟောင်း Dao Quang Thuc ဒေါင်ကွမ်သွတ်ခ် ဟာ ဖေ့စ်ဘွတ်ကနေ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ် ပိုင်နက်ပြဿနာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာတွေကို ရေးသားတင်ပြခဲ့ပြီးနောက် အခုလို ဖမ်းဆီး အပြစ်ပေးခံရတာဖြစ်ပါတယ်။

သမီးဖြစ်သူက သူ့ဖခင်ကို မနှစ်က အောက်တိုဘာလမှာ ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာတွေက ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးခဲ့ကြောင်းနဲ့ အစားအစာ မကျွေးဘဲထားခဲ့ကြောင်း သိရှိခဲ့ရတယ်လို့ ပြောပါတယ်။ ဗီယက်နမ်အစိုးရဟာ သူတို့လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်သူတွေကို ပြင်းထန်စွာ အရေးယူလေ့ရှိပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ဗီယက်နမ်အစိုးရ ဝေဖန်သူ ထောင် ၁၄ နှစ်ကျ ဗီယက်နမ်အစိုးရ ဝေဖန်သူ ထောင် ၁၄ နှစ်ကျ Reviewed by THITHTOOLWIN on 10:47 Rating: 5
Powered by Blogger.