ဂျပန်စက်ရုပ်တွေ ဂြိုဟ်ငယ်ပေါ် လေ့လာရေးစတင်

Photo: JIJI PRESS / AFP
 ရူဂူ လို့ နာမည်ပေးထားတဲ့ ဂြိုဟ်ငယ်တခုရဲ့မျက်နှာပြင်ကို ဂျပန်အာကာသသိပ္ပံအေဂျင်စီ JAXA (ဂျာဆာ) ကစေလွှတ်လိုက်တဲ့ စက်ရုပ် ၂ ရုပ် မနေ့ကရောက်သွားပြီး၊ လေ့လာရေးစတင်နေပြီလို့ သိရပါတယ်။

သံဗူးဝိုင်းပုံတည်ဆောက်ထားတဲ့ အဲဒီစက်ရုပ်တွေကို ဟာယာဘူဆာ - အမှတ် (၂) အာကာသယာဉ်က သယ်သွားပြီး၊ ဂြိုဟ်မျက်နှာပြင်ပေါ် လွှတ်ပေးလိုက်တာပါ။ အခုတော့ စက်ရုပ်တစ်ခုချင်းစီက ပုံမှန်လည်ပတ်နေတယ်လို့ အေဂျင်စီက ပြောပါတယ်။

စက်ရုပ်တွေဟာ အဲဒီဂြိုဟ်မျက်နှာပြင်မှာ ဆွဲငင်အားနည်းတဲ့အတွက် ခုန်ဆွခုန်ဆွသွားနေပါတယ်။ တစ်ခါခုန်ရင် ၄၉ ပေလောက်မြင့်ပြီး၊ အောက်ပြန်ကျဖို့ ၁၅ မိနစ်လောက်ကြာတယ်လို့ ဆိုပါတယ်။ အခုဆိုရင် အာကာသကို နည်းစနစ်သစ်နဲ့ လေ့လာနိုင်ခွင့်ရသွားတဲ့အတွက် သူတို့အနေနဲ့ ဂုဏ်ယူမိတယ်လို့ ဂျာဆာအေဂျင်စီက စီမံကိန်းမန်နေဂျာက ပြောပါတယ်။

ဒီစမ်းသပ်မှုကို ၂၀၁၅ ခုနှစ်ကပြုလုပ်ခဲ့ပေမယ့် မအောင်မြင့်ခဲ့ပါဘူး။ အခုတော့ အောင်မြင်သွားတဲ့အတွက် ဟာယာဘူဆာ - အမှတ် (၂) အာကာသယာဉ်နဲ့ပဲ နောက်တစ်ပတ်ထဲမှာ အဲဒီဂြိုဟ်ငယ်ရဲ့ မျက်နှာပြင်ကိုသွားပြီး၊ ၄ ပေါင်လောက်ရှိတဲ့ ကြေးပစ္စည်းတစ်ခုနဲ့ ဥက္ကာပျံတစ်ခုကို ပစ်လွှတ်ဖောက်ခွဲစမ်းသပ်ဖို့ စီစဉ်နေပါတယ်။

အဲဒီစမ်းသပ်မှုကနေ စင်္ကြာဝဠာနဲ့ရှင်သန်မှုအကြောင်း အခြေခံမေးခွန်းတွေရဲ့ အဖြေတွေ့လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဂျပန်စက်ရုပ်တွေ ဂြိုဟ်ငယ်ပေါ် လေ့လာရေးစတင် ဂျပန်စက်ရုပ်တွေ ဂြိုဟ်ငယ်ပေါ် လေ့လာရေးစတင် Reviewed by THITHTOOLWIN on 11:05 Rating: 5
Powered by Blogger.