အစိုးရနုတ်ထွက်ဖို့ သီရီလင်္ကာမှာ တောင်းဆိုကြ

Photo: LAKRUWAN WANNIARACHCHI / AFP
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ပြည်သူ ထောင်ပေါင်းများစွာ မနေ့က ချီတက်ပြီး အစိုးရ နုတ်ထွက်ဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ပင်လယ်ရေနက်ဆိပ်ကမ်းတခုကို တရုတ်အစိုးရလက်ထဲ ၉၉ နှစ် ငှားရမ်းလုပ်ကိုင်ခွင့်ပေးလိုက်တာကို ထောက်ပြပြီး ဆန္ဒပြသူတွေက လက်ရှိအစိုးရဟာ နိုင်ငံပိုင်ပစ္စည်းတွေကို တခြားတိုင်းပြည်တွေ ရောင်းစားနေကြောင်းနဲ့ အစိုးရအဖွဲ့ဝင်တွေ အကျင့်ပျက်ခြစားနေကြောင်း ပြောဆို ကြွေးကြော်ခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြသူတွေဟာ သမ္မတဟောင်း မဟင်ဒါ ရာဂျာပတ်ကဆား ကို ထောက်ခံသူတွေဖြစ်ပြီး ကိုလံဘိုမြို့က လမ်းတွေကို ပိတ်ဆို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူ ၈ သောင်းခန့်ရှိပြီး အစိုးရက သူတို့ကို ရင်ဆိုင်ဖို့ ရဲတပ်ဖွဲ့ အင်အား ၅ ထောင်ခန့် ချထားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အစိုးရနုတ်ထွက်ဖို့ သီရီလင်္ကာမှာ တောင်းဆိုကြ အစိုးရနုတ်ထွက်ဖို့ သီရီလင်္ကာမှာ တောင်းဆိုကြ Reviewed by THITHTOOLWIN on 09:40 Rating: 5
Powered by Blogger.