ဒေါ်အောင်ဆန်းစုကြည် ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံ တက်မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စင်ကာပူနိုင်ငံ ISEAS မှာ ၂၀၁၈ သြဂုတ်လ ၂၁ ရက်နေ့ကကျင်းပတဲ့ Myanmar's Democratic Transition : Challenges and Way Forward ဟောပြောပွဲမှာ တွေ့ရစဉ်/ Photo: Myanmar State Counsellor Office
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ရဲ့ ဖိတ်ကြားချက်နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံ ကို တက်ရောက်မယ်လို့ အစိုးရအဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီဖိုရမ်ကို လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက စင်္ကာပူနိုင်ငံ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ ကြုံတွေရတဲ့ အခက်အခဲတွေနဲ့ အောင်မြင်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး " မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စိန်ခေါ်ချက်နဲ့ ရှေ့ဆက်ရမယ့်ခရီး" ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည် ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံ တက်မည် ဒေါ်အောင်ဆန်းစုကြည် ၂၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံ တက်မည် Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.