ရွှေဘိုမြို့နယ် တွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက် ရှစ်ဦးဒဏ်ရာရ


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ပိတ္တောကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းအချိန်က အောင်ရတနာ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူရှစ်ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင် ကော်မတီမှ သိရသည်။

အဆိုပါ အောင်ရ တနာ ခရီးသည်တင်မှန်လုံယာဉ် ပေါ်တွင် ခရီးသည် ၂၀ ဦးခန့် လိုက်ပါလာပြီး မန္တလေးမှ တန့်ဆည်မြို့သို့ ထွက်ခွာလာရာ ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ရွှေဘိုမြို့နယ် ပိတ္တောကျေးရွာအနီးတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။


''အောင်ရတနာကားက မန္တလေးမြို့က နေ တန့်ဆည်ကို သွားမယ် လို့ သိရတယ်။ ပိတ္တောကျေးရွာထိပ် GTC ကျောင်းထိပ်မှာ တိမ်းမှောက်တာ၊ပါတဲ့ ခရီးသည်က များတယ် အဲထဲက ခရီးသည် ရှစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ စိုရိမ်ရတဲ့ လူနာ နှစ်ယောက်တော့ပါတယ် အဲလူနာနှစ်ယောက်က ကျွန်တော်တို့ သတ်မှတ်ချက်အရ အနီရောင်အဆင့် အရမ်းကြီးတော့ မဟုတ်ပါဘူး''ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင် ကော်မတီမှ ကို ဇာနည်က ပြောပြသည်။

ယင်းကဲ့သို့ တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် ခရီးသည်များကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင် ကော်မတီမှ အဖွဲ့ဝင် ၁၄ ဦးဖြင့် လိုအပ်သည်များကို ပြုစုစစ်ဆေးပီး ရွှေဘိုဆေးရုံ အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဘိုခရိုင် ကော်မတီ နှင့် အောင်ဇေယျာလူမှုကူညီရေးအသင်းတို့မှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ရွှေဘိုမြို့နယ် တွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက် ရှစ်ဦးဒဏ်ရာရ ရွှေဘိုမြို့နယ် တွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက် ရှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.