3 D ပုံသွင်းစက်ထုတ် သေနတ်လုပ်နည်း မဖြန့်ဖို့ တရားရုံး တားမြစ်

မျက်နှာပြင်သုံးဘက်ရှိပြီး အိမ်မှာပဲစက်နဲ့ ပုံသွင်းထုတ်လုပ်ယူနိုင်တဲ့ 3D ပလပ်စတစ်သေနတ်
မျက်နှာပြင်သုံးဘက်ရှိပြီး အိမ်မှာပဲ စက်နဲ့ ပုံသွင်းထုတ်လုပ်ယူနိုင်တဲ့ 3D ပလပ်စတစ်သေနတ်ကို ဘယ်လိုလုပ်ရသလဲဆိုတဲ့ လုပ်ပုံလုပ်နည်းဖြန့်ချိခဲ့တဲ့ တက္ကဆက်ပြည်နယ်ကကုမ္ပဏီတခုကို သေနတ်လုပ်နည်း ဆက်ပြီးမဖြန့်ဖို့ ဗဟိုအစိုးရတရားသူကြီးတဦးက တားမြစ်လိုက်ပါတယ်။

အိမ်လုပ်3D ပလပ်စတစ်သေနတ်ကို ဖြန့်ချိမှုကို မတားမြစ်ခဲ့တာကြောင့် ၀ါရှင်တန်ဒီစီနဲ့ ပြည်နယ်၉ခုကရှေ့နေချုပ်တွေက သမ္မတ ထရမ့်အစိုးရကို တရားစွဲဆိုထားကြပါတယ်။ အိမ်လုပ်သေနတ် လုပ်နည်းက လူတွေကိုထိခိုက်စေနိုင်တယ်လို့ ဗဟိုအစိုးရတရားသူကြီးကဆိုပါတယ်။

အိမ်မှာပဲထုတ်လုပ်နိုင်တဲ့ 3D ပလပ်စတစ်သေနတ်တွေဟာ မှတ်ပုံတင်ထားတာလည်းမဟုတ်၊ ရှာဖွေဖို့လည်းခက်၊ အသက်အရွယ်မရွေးလည်း ပိုင်ဆိုင် နိုင်၊ စိတ်ကျန်းမာရေးအခြေအနေနဲ့ ပစ်မှုကျူးလွန်မှုဆိုင်ရာ နောက်ကြောင်းကိုလည်း စစ်ဆေးစရာမလိုပဲ အဲဒီသေနပ် တွေကို အလွယ်တကူကိုင်နိုင်ကြတယ်လို့ဆိုပါတယ်။

3D ပလပ်စတစ်သေနတ် ပုံသွင်းစက် တလုံးရဖို့ ဒေါ်လာရာဂဏန်း လောက်ပဲကုန်ကျမှာပါ။ သေနတ်ထုတ်လုပ်နည်းဖြန့်ချိသူ Cody Wilsonကို ဖြန့်ချိမှုတွေရပ် တန့်ဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက အမိန့်ထုတ်ထားပါတယ်။ ပြည်ပပို့ကုန်ဆိုင်ရာဥပဒေနဲ့ညိစွန်းနေတယ်ဆိုပြီးလည်း အငြင်းပွါးနေကြပါ တယ်။ ဖြန့်ချိရေးရပ်တန့်ဖို့အမိန့်ထုတ်တဲ့အချိန်အထိ 3D ပလပ်စတစ်သေနတ်တွေ ဘယ်နှစ်လက် အပြင်မှာပြန့်နေသလဲ ဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
3 D ပုံသွင်းစက်ထုတ် သေနတ်လုပ်နည်း မဖြန့်ဖို့ တရားရုံး တားမြစ် 3 D ပုံသွင်းစက်ထုတ် သေနတ်လုပ်နည်း မဖြန့်ဖို့ တရားရုံး တားမြစ် Reviewed by THITHTOOLWIN on 08:08 Rating: 5
Powered by Blogger.