ကိုယ်ကျိုးစီးပွား ဦးထိပ်ထားမှု ဆန့်ကျင်ဖို့ တရုတ်ပြောကြား

(စီးပွားရေး ထွန်းသစ်စနိုင်ငံများ နှစ်ပတ်လည်ညီလာခံမှာ တရုတ်သမ္မတ ရှီကျင်းပင်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်)
 တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စဘတ်မြို့မှာ ကျင်းပနေတဲ့ BRICS စီးပွားရေး ထွန်းသစ်စနိုင်ငံများ နှစ်ပတ်လည်ညီလာခံမှာ တရုတ်သမ္မတ ရှီကျင်းပင်က ကိုယ်ကျိုးစီးပွား ဦးထိပ်ထားဝါဒကို ဆန့်ကျင်ကြဖို့ မနေ့က နိုးဆော်လိုက်ပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေက သွင်းကုန်တွေအပေါ် အမေရိကန်ပြည်ထောင်စုက အခွန်ငွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်သစ်ကို ဝေဖန်ပြစ်တင်နေကြတဲ့ အဲဒီ ညီလာခံမှာ တရုတ်သမ္မတရဲ့ ဘုံအကျိုးစီးပွား ဖြစ်ထွန်းရေး ပြောဆိုချက်ကို တခြားနိုင်ငံတွေက ထောက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီ ညီလာခံမှာ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူကြေညာချက်တစ်ခုကို BRICS အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ မနေ့က လက်မှတ်ထိုးခဲ့ကြပါတယ်။ BRICS အဖွဲ့မှာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘရာဇီးလ် နဲ့ တောင်အာဖရိက နိုင်ငံတွေ ပါဝင်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကိုယ်ကျိုးစီးပွား ဦးထိပ်ထားမှု ဆန့်ကျင်ဖို့ တရုတ်ပြောကြား ကိုယ်ကျိုးစီးပွား ဦးထိပ်ထားမှု ဆန့်ကျင်ဖို့ တရုတ်ပြောကြား Reviewed by THITHTOOLWIN on 09:29 Rating: 5
Powered by Blogger.