တရုတ်နိုင်ငံသားချင်း ငွေညှစ် တောင်းနေသည့် ကောစင်တာဂိုဏ်းဝင်များအား ထိုင်းနိုင်ငံငံတွင်ဖမ်းမိ၊ မြန်မာနိုင်ငံသားတစ်ဦးပါဝင်


19 July2018

ထိုင်းနိုင်ငံ ပူးခက် ပြည်နယ် ပတောင်းခရိုင်အတွင်းက တရုတ်နိုင်ငံသား အများစုပါဝင်တဲ့ Call Center လူလိမ်ဂိုဏ်းဝင်တွေရဲ့  ဌာနချုပ်နဲ့  တခြား လက်ခွဲ ရုံးခန်းတွေ ကို ပါတ်တယား ဘန်ကောက် မြို့ တွေမှာပါ ရဲတပ်ဖွဲ့  အင်အား ၈၀ နဲ့ အင်းအားသုံးပြီး ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ယခုဖမ်းဆီး လိုက်တဲ့ တရုတ် ငွေညှစ်ဂိုဏ်းဝင် ၂၅ဦးမှာ ထိုင်းနှစ်ဦးနဲ့  မြန်မာနိုင်ငံသားတဦးပါဝင်ကြောင်း သိရပါတယ်။


ကောစင်တာ ဂိုဏ်းသားတွေ အသုံးပြုနေတဲ့ လက်တော့ ကွန်ပြူတာ(၈)လုံး ပုံတူမိတ်တူလုပ် စက် (၄)လုံး၊ လက်ကိုင်ဖုန်း ၁၅၀ လုံးနဲ့ ခရက်ဒစ်ကပ် ၁၃၅ ကပ်၊ ဖုန်း နံပါတ် စင်းကပ် ၅၂ ခုအပြင် ထိုင်းဘတ်ငွေ 13,568,570 ၁၃သန်းကျော်၊တရုတ်ယွမ်ငွေ ၃၈၀၀၊မာစီဒီးအမျိုးအစား ဇိမ်ခံကားတစီး အားလုံး သက်သေအဖြစ် ဆိမ်းဆီး လိုက်ပါတယ်။

ခုလို ငွေညစ်ဂိုဏ်းကို ဖမ်းဆီးရတာဟာ တရုတ်နိုင်ငံ Jilin City မြို့ က ငွေလိမ်ခံရသူတွေရဲ့  သတင်းပေးမှုကြောင့် တရုတ်ရဲတွေဟာ ထိုင်းနိုင်ငံကိုရောက်ရှိလာပြီး ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ တွေနဲ့  အတူ ပူပေါင်းပါဝင်ခဲ့ကြောင့် ဒုဗိုလ်ချုပ်ကြီး Surachet Punpun စူရချပ်က သတင်းထောက်တွေကိုထုတ်ဖေါ်ပြောဆိုသွားပါတယ်။

ဒီငွေလိမ်ဂိုဏ်းဝင်တွေရဲ့  ဓါးစာခံဖြစ်ခဲ့သူငွေ တချို့ ဟာ အဆုံးရူံးများလို့  မိမိကိုယ်သတ်သေတဲ့ အထိ ဖြစ်ဖြစ်ခဲ့တယ်လို့ လည်း တရုတ်နိုင်ငံ ဒေသ ဆိုင်ရာ သတင်းတွေမှာဖေါ်ပြထားပါတယ်။။။

Social Action for Children and Women - SAW
တရုတ်နိုင်ငံသားချင်း ငွေညှစ် တောင်းနေသည့် ကောစင်တာဂိုဏ်းဝင်များအား ထိုင်းနိုင်ငံငံတွင်ဖမ်းမိ၊ မြန်မာနိုင်ငံသားတစ်ဦးပါဝင် တရုတ်နိုင်ငံသားချင်း ငွေညှစ် တောင်းနေသည့် ကောစင်တာဂိုဏ်းဝင်များအား ထိုင်းနိုင်ငံငံတွင်ဖမ်းမိ၊ မြန်မာနိုင်ငံသားတစ်ဦးပါဝင် Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.