ယူကရိန်းတွင် ခရီးသည် ၁၈၀ဦး လိုက်ပါလာသော လေယာဉ် အရေးပေါ်ဆင်းသက်မှုဖြစ်ပွား

ယူကရိန်းနိုင်ငံ ရှိ Boryspill အပြည်ပြည်ဆိုင်ရာ လေဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 ကိဗ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

    ယူကရိန်းနိုင်ငံ မြို့တော် အပြင်ဘက် ရှိ Boryspill အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇူလိုင် ၁၁ ရက် က ခရီးသည်တင်လေယာဉ် တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း လေဆိပ် အာဏာပိုင်များက ပြောကြားခဲ့သည်။

ခရီးသည် ၁၇၄ဦး နှင့် လေယာဉ်အမှုထမ်း ၆ဦးလိုက်ပါလာသော ဂျက်လေယာဉ်သည် ကိဗ်မြို့ရှိ Zhylyany လေဆိပ် မှ တူရကီနိုင်ငံ အနောက်တောင်ပိုင်း ရှိ Antalya မြို့သို့ ပျံသန်းလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလေယာဉ်အားပိုင်ဆိုင်သည့် JoinUp ခရီးသွားလာရေး ကုမ္ပဏီ က လေယာဉ်၏ အင်ဂျင်အား ငှက်တစ်ကောင် ဝင်တိုက်ခဲ့ပြီးနောက် မြေပြင်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ယူကရိန်းတွင် ခရီးသည် ၁၈၀ဦး လိုက်ပါလာသော လေယာဉ် အရေးပေါ်ဆင်းသက်မှုဖြစ်ပွား ယူကရိန်းတွင် ခရီးသည် ၁၈၀ဦး လိုက်ပါလာသော လေယာဉ် အရေးပေါ်ဆင်းသက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.