ကားလမ်းမဘေး၌ တွဲကားတစ်စီး မီးလောင်မှု ဖြစ်ပွား

ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာအုပ်စု၊ ပန်ဟုတ်ကျေးရွာ ကားလမ်းမဘေး၌ တွဲကားတစ်စီး မီးလောင်မှု ဖြစ်ပွား
ကျောက်မဲ ဇူလိုင် ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအုပ်စု၊ ပန်ဟုတ်ကျေးရွာ မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးဘေး မိုင်တိုင်အမှတ် (၁၁၁/၁)နှင့် (၁၁၁/၂) ကြားတွင် ယာဉ်မောင်း မင်းခန့် သပြေကုန်း ကျေးရွာ၊ ကျောက်ဆည်မြို့နေထိုင်သူ မောင်းနှင်လာသော ကျောက်မီးသွေးများ တင်ဆောင် လာသည့် တွဲကားယာဉ်အမှတ် 2E/…. သည် ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၀ နာရီကျော် အချိန်ခန့်က အင်ဂျင်စက်ခန်း အတွင်း၌ သွယ်တန်းထားသော ဝါယာကြိုးများ ဟောင်းနွမ်းဆွေးမြေ့ ပူးကပ်ရာမှ တစ်ဆင့် ဝါယာရှော့ဖြစ်ကာ မီးစတင်ကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်သူတစ်ဦး၏ အကြောင်းကြားချက်အရ ကားမီးလောင်ရာ နေရာသို့ ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦး ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးက မီးငြှိမ်းသတ်ယာဉ် ၃ စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီကျော် အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုတွင် မော်တော်ယာဉ်၏ ခေါင်းပိုင်း ၇၅ ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ပြီး လူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကားလမ်းမဘေး၌ တွဲကားတစ်စီး မီးလောင်မှု ဖြစ်ပွား ကားလမ်းမဘေး၌ တွဲကားတစ်စီး မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 17:53 Rating: 5
Powered by Blogger.