စစ်တွေမြို့ ကုလားတန်မြစ်ဝတွင် စက်လှေတစ်စီးနစ်မြုပ်၍ ပါလာသူ လူ ၄ ဦးကိုကယ်တင်နိုင်ခဲ့


နိရဉ္စရာ၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ် စစ်တွေမြို့ ကုလားတန်မြစ်ဝတွင် စက်လှေတစ်စီးနစ်မြုပ်သွားပြီး စက်လှေပေါ်ပါလာသူ ၄ ဦးစလုံးကို ကယ်တင်နိုင်လိုက်သည်ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်မှူး ဦးသော်တာက ပြောကြားသည်။

“ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တစ်ခြားသက်ဆိုင်ရာဌာနတွေက ၀န်ထမ်းတွေ စက်လှေနဲ့ သွားရောက်ကယ်တင်ခဲ့တာပါ။ အခု လူ ၄ ဦးစလုံးကို စစ်တွေဆေးရုံကြီးကို ယူဆောင်လာပါပြီ” ဟု သူက ပြောကြားသည်။

၎င်းစက်လှေမှာ ကျောက်ဖြူမြို့နယ် ကန်ကြီးကျေးရွာမှ ကျောက်စရစ်များကို တင်ဆောင်လာသော စက်လှေ ဖြစ်ကြောင်း၊ ကုလားတန်မြစ်ဝတွင် ရေစီးသန်ပြီး လိုင်းလေနဲ့ တိုးကာ ယနေ့ညနေက နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း ဦးသော်တာက ပြောကြားသည်။

ညနေ ၆ နာရီ ၄၅ မိနစ်တွင် ဆေးရုံသို့ ယူဆောင်လာပြီး ကယ်တင်လိုက်ရသည့် လူလေးဦးအနေအထားမှာ စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

(ဓာတ်ပုံ- နေသူရိန်)
Narinjara
https://www.facebook.com/Narinjara
စစ်တွေမြို့ ကုလားတန်မြစ်ဝတွင် စက်လှေတစ်စီးနစ်မြုပ်၍ ပါလာသူ လူ ၄ ဦးကိုကယ်တင်နိုင်ခဲ့ စစ်တွေမြို့ ကုလားတန်မြစ်ဝတွင် စက်လှေတစ်စီးနစ်မြုပ်၍ ပါလာသူ လူ ၄ ဦးကိုကယ်တင်နိုင်ခဲ့ Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.