မန္တလေးတောင်အဆင်းလမ်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသူ တစ်ဦးတွေ့ရှိ


မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဦးပုသ်တော်ရပ်ကွက် မန္တလေးတောင်အဆင်းလမ်းဆုံ အုတ်ခုံအဝိုင်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသူ တစ်ဦးအား ဇူလိုင်လ ၁၇ ရက် နံနက် (၆) နာရီကျော်အချိန် က တွေ့ရှိခဲ့ကြောင်း အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့ က သိရသည်။

သေဆုံးသူ၏ နာမည်အား သိရှိခြင်းမရှိသေးပဲ သေဆုံးသူမှာ အသက် (၃၀) ခန့်ရှိ အမျိုးသားဖြစ်ပြီး မျက်နှာ နှင့် ဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိထားကြောင်း သိရသည်။

သေဆုံးသူ၏အနီးတွင် ဖုန်းတစ်လုံးတွေ့ရှိရပြီး ဖုန်းမှာ Password ခံထားသည့်အတွက် ဆင်းကဒ်အား အခြားဖုန်းအတွင်းထည့်ကာ အဆက်အသွယ်ရရှိရေး ဆောင်ရွက်နေကြောင်း အောင်မြေသာ စံမြို့နယ် အမှတ် (၂) ရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၂) ရဲစခန်းတွင် (ပ) ၂၇၁/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ် ၃၀၂ အရအမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

နိုင်လင်းဦး
The Fifth Wave News
http://www.fifthwavenews.com
မန္တလေးတောင်အဆင်းလမ်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသူ တစ်ဦးတွေ့ရှိ မန္တလေးတောင်အဆင်းလမ်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသူ တစ်ဦးတွေ့ရှိ Reviewed by THITHTOOLWIN on 10:50 Rating: 5
Powered by Blogger.