အမျိုးသမီးလစဉ်သုံးပစ္စည်း အခွန်ကောက်ခံမှု ပယ်ဖျက်

အမျိုးသမီးသုံးပစ္စည်း အခွန်တိုးကောက်လို့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတရပ်ကို အိန္ဒိယနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေက လပေါင်းများစွာ လုပ်ဆောင်ခဲ့
အမျိုးသမီးသုံးပစ္စည်း အခွန်တိုးကောက်လို့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတရပ်ကို အိန္ဒိယနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေက လပေါင်းများစွာ လုပ်ဆောင်ခဲ့တာကြောင့် လစဉ်သုံးပစ္စည်းတွေကို အခွန် ၁၂ ရာခိုင်နှုန်းကောက်ခံတဲ့ အစီအစဉ်ကို အမျိုးသမီးသုံးပစ္စည်း အခွန်တိုးကောက်လို့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတရပ်ကို အိန္ဒိယနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေက လပေါင်းများစွာ လုပ်ဆောင်ခဲ့အစိုးရက ဖျက်သိမ်းလိုက်ပါပြီ။

အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို အခွန် ၁၂ ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ရတာပါ။ အခုလို ပယ်ဖျက်လိုက်တဲ့ အပေါ်မှာလည်း အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက ကြိုဆိုနေကြပါတယ်။

အခုလို အခွန်သတ်မှတ်ချက်ကြောင့် နိုင်ငံတဝှမ်းက အမျိုးသမီးတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ဝယ်ယူဖို့အတွက် ပိုမို ခက်ခဲစေမှာဖြစ်ပြီး အမျိုးသမီး ၅ ဦးမှာ ၄ ဦးက အဲဒီ လစဉ်သုံး ပစ္စည်းတွေ ဝယ်ယူဖို့ လက်လှမ်းမမှီကြဘူးလို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။

အမျိုးသမီးတွေ ဓမ္မတာလာရင် သုံးတဲ့ ပစ္စည်းရဖို့အတွက် ကျောင်းတွေနဲ့ လုပ်ငန်းခွင်တွေက အမျိုးသမီးတွေဟာ အချိန်အကြာကြီးစောင့်စားနေခဲ့ရတယ်လို့ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့က ဆာချီဆာဟယ်လီက ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com/burmese
အမျိုးသမီးလစဉ်သုံးပစ္စည်း အခွန်ကောက်ခံမှု ပယ်ဖျက် အမျိုးသမီးလစဉ်သုံးပစ္စည်း အခွန်ကောက်ခံမှု ပယ်ဖျက် Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.