အမ်းမြို့စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး

(Photo by U Tin Nyo facebook)
နိရဉ္စရာ၊ ဇူလိုင် ၂၃

ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးသည် ယနေ့ နံနက်က ဆိုင်ကယ်မတော်တဆမူကြောင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဒုတပ်ကြပ် နေထက်အောင်ဖြစ်ပြီး အမ်းမြို့ အခြေစိုက် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း ၉၉၁ ဖြစ်ကြောင်း သိရသည်။

“ ဖြစ်တာက ဒီနေ့မနက် ၆ နာရီ ၄၀ မိနစ်လောက်မှာ ဖြစ်တာပါ။ တန်းစီကွင်းကို အလာမှာ ၀တ်ထားတဲ့မိုးကာ အင်္ကျီက ဆိုင်ကယ်ဘီးနဲ့ ရစ်ပါသွားပြီး အကျီင်္က လည်ပင်းညှပ်ပြီးတော့ ဆုံးသွားတာပါ။ အခု အလောင်းကို အမ်းမြို့စစ်ဆေးရုံကို ရောက်နေပါပြီ” ဟု အမ်းမြို့မ ရဲစခန်းမှ တာဝန်ကျ အရာရှိ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားသော နေရာမှာ အမ်းတောင်အုပ်စု ပြိန်းတောကျေးရွာအနီး အမှတ် ၃၇၈ တပ်ရင်းရှေ့ စစ်တွေ- ရန်ကုန်ကားလမ်းပေါ်တွင် ဖြစ်ကြောင်း ၎င်းရဲအရာရှိက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
အမ်းမြို့စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး အမ်းမြို့စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.