နှစ် သန်း ၁ဝဝ ကမြွေပေါက်စ မြန်မာ ပယင်းမှာ တွေ့ရ

Photo: Ming Bai, Chinese Academy of Sciences
 မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြားဒေသက ရရှိခဲ့တဲ့ ပယင်းကျောက်တခုမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁ဝဝ ခန့်က မြွေပေါက်စလေးတကောင်ရဲ့အရိုးစုကို တွေ့ရတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ၂ လက်မနီးပါးပဲ အရှည်ရှိတဲ့ အဲဒီ မြွေကလေးဟာ ဥက ပေါက်ကာစလို့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက ယူဆကြပါတယ်။

အဲဒီ ပယင်းကျောက်ကို ၂ဝ၁၆ ခုနှစ်မှာ တရုတ်ပါမောက္ခတဦးက မြန်မာပြည်က ဝယ်ယူရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီမြွေကလေးဟာ အခုအချိန်အထိ ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ ရှေးအကျဆုံးတွေ့ရတဲ့ မြွေတကောင်ရဲ့ ရုပ်ကြွင်း ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
နှစ် သန်း ၁ဝဝ ကမြွေပေါက်စ မြန်မာ ပယင်းမှာ တွေ့ရ နှစ် သန်း ၁ဝဝ ကမြွေပေါက်စ မြန်မာ ပယင်းမှာ တွေ့ရ Reviewed by THITHTOOLWIN on 10:58 Rating: 5
Powered by Blogger.