ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ၁၁ လအတွင်း ၂၂ ဦး အသတ်ခံရ

( ဓါတ်ပုံ -အေပီ )
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအနက် ပြီးခဲ့တဲ့ ၁၁ လအတွင်း အသတ်ခံရသူ ၂၂ ဦး ရှိပြီလို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အများအားဖြင့်အချင်းချင်း ခိုက်ရန်ဖြစ်ပွါးလို့ သတ်ဖြတ်မှုတွေ ပေါ်ခဲ့တာ ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ အာဆာက သတ်ဖြတ်တာ လို့ အတိအကျ မပြောနိုင်ပေမယ့် စခန်းတွေထဲမှာ အာဆာ အဖွဲ့ဝင်တွေ မရှိဘူးလို့ ဆိုနိုင်ကြောင်း ပြောပါတယ်။

မြန်မာ နိုင်ငံကို ပြန်ချင်တယ်ပြောလို့ လူတစုက သတ်တာ ခံလိုက်ရသူလဲ ရှိကြောင်း Benar သတင်းဌာနက ဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ၁၁ လအတွင်း ၂၂ ဦး အသတ်ခံရ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ၁၁ လအတွင်း ၂၂ ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.