ဘုရင်နဲ့ဝန်ကြီးချုပ်ကို အန္တရာယ်ပြုမယ့်သူ ၇ ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ရထားဘူတာရုံကြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တဦး စောင့်ကြပ်နေစဉ်။ (Photo: AP)
 မလေးရှားနိုင်ငံမှာ ဘုရင်နဲ့ ဝန်ကြီးချုပ်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်သူတွေအပါအဝင် လက်နက်ကိုင် စစ်သွေးကြွလုပ်ရပ်တွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၇ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

မလေးရှားလူမျိုး လေးယောက်နဲ့ အင်ဒိုနီးရှားလူမျိုး သုံးယောက်ကို ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေအတွင်း မလေးရှားနိုင်ငံရဲ့ ပြည်နယ် ၄ ခုမှာ ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် မိုဟာမက်ဖူဇီဟာရန်က ပြောပါတယ်။

ဖမ်းဆီးထားတဲ့ အင်ဒိုနီးရှားလူမျိုး သုံးယောက်ထဲက တယောက်ဟာ အင်ဒိုနီးရှားနိုင်ငံ IS အဖွဲ့ရဲ့သစ္စာခံတဦး ဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ စစ်သင်တန်းဆင်းလည်း ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

နောက်ထပ် တယောက်ကတော့ IS အဖွဲ့ဝင်ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး၊ သူ့ရဲ့ဖုန်းထဲမှာ IS အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ဆောင်ချက် ဗီဒီယိုနဲ့ ဓာတ်ပုံပေါင်း ၁၉ဝ ကိုသိမ်းထားသလို အဲဒီလိုပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က မလေးရှားနိုင်ငံရဲ့အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရေးအဖွဲ့ IS ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး နောက်ပိုင်းကတည်းက မလေးရှားနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘုရင်နဲ့ဝန်ကြီးချုပ်ကို အန္တရာယ်ပြုမယ့်သူ ၇ ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး ဘုရင်နဲ့ဝန်ကြီးချုပ်ကို အန္တရာယ်ပြုမယ့်သူ ၇ ဦးကို မလေးရှားရဲတပ်ဖွဲ့ဖမ်းဆီး Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.