ကန် ဒေါ်လာငွေ တန်ဖိုး တစ်နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိ

Photo: RIZWAN TABASSUM / AFP
 အမေရိကန် ဒေါ်လာငွေ တန်ဖိုးဟာ တခြားငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် တစ်နှစ်အတွင်း အမြင့်ဆုံးကို မနေ့က ရောက်ရှိခဲ့ပါတယ်။ ဒေါ်လာငွေ တန်ဖိုး ရှေရှည်ဆက်လက်ခိုင်မာနေမယ်လို့ စီးပွားရေးသမားတွေက ယုံကြည်ကြတဲ့အတွက် အမေရိကန်နိုင်ငံတဝန်း ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုများပြားလာနေသလို အလုပ်လက်မဲ့နှုန်းလည်း ခန့်မှန်းချက်ထက် ပိုပြီးကျဆင်းခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Jerome Powell ဂျရုမ်း ပါဝဲလ် က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကြားနာပွဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဟာ လာမယ့် နှစ်များစွာ ဆက်လက်ပြီး တည်တည်ငြိမ်ငြိမ် တိုးတက်နေမယ်လို့ သူယုံကြည်ကြောင်း ထွက်ဆိုပြောကြားခဲ့ပြီးနောက် အခုလို ဒေါ်လာတန်ဖိုး အမြင့်ဆုံးကို ရောက်ရှိခဲ့တာပါ။ မနေ့က ပေါက်ဈေး ဥရောပ ၁ ယူရိုငွေကို ကန် ဒေါ်လာ ၁.၁၆ ဖြစ်ပြီး ဂျပန် ယန်းငွေနဲ့ လဲလှယ်ရင်တော့ ၁ ဒေါ်လာကို ၁၁၂.၉၄ ဈေးပေါက်ခဲ့ပါတယ်။

တပြိုင်နက်မှာ အမေရိကန် အစိုးရက တရုတ်ပြည်က သွင်းကုန်တွေကို ကုန်သွယ်ခွန်တိုးမယ့် အစီအစဉ်ကြောင့် တရုတ်ငွေ တန်ဖိုးဆက်လက် ကျဆင်းနေတဲ့အတွက် မနေ့က ပေါက်ဈေးဟာ ကန် တစ်ဒေါ်လာကို ၆.၇၉၈ ယွန်ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကန် ဒေါ်လာငွေ တန်ဖိုး တစ်နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိ ကန် ဒေါ်လာငွေ တန်ဖိုး တစ်နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.