လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့် ရိုဟင်ဂျာတွေ လိုလား

 ကော့ဇ်ဘဇားဒေသ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၁၈ ဇွန်လ ၁၆ ရက်နေ့ကတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေက သူတို့ရဲ့အသက် အန္ဒရာယ်လုံခြုံစိတ်ချရပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရမယ်ဆိုရင် မူလနေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်သွားရောက်နေထိုင်လိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ခရစ်စတင်း ဘာဂီးနား ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေကို ဇူလိုင် ၁၄ ရက်နေ့က ၃ ရက်ကြာသွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဘာဂီးနားကို ရိုဟင်ဂျာတွေက အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကုလ ကိုယ်စားလှယ်က အဲဒီ ဒုက္ခသည် ၇ သိန်းကျော်ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နိုင်ငံတကာ အကူအညီတွေ ပိုမိုရရှိဖို့လိုကြောင်းနဲ့ လတ်တလောမှာတင် ဒုက္ခသည် ၁၂ ဦး သေဆုံးခဲ့ပြီဖြစ်တဲ့ နယ်စပ်စခန်းတွေရဲ့ မိုးကြီးမြေပြိုမှုဒဏ်ကို ဖြေရှင်းဖို့လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့် ရိုဟင်ဂျာတွေ လိုလား လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့် ရိုဟင်ဂျာတွေ လိုလား Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.