ကလေးမြို့၌ လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် သိမ်းဆည်းရမိ


၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ ၀၀း၃၀ အချိန်ခန့် က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် သိမ်းဆည်းရမိကြောင်း ပြည်ထဲရေ၀န်ကြီး ဌာန၏ သတင်းထုတ်ချက်အရ သိရပါသည်။

 ကလေးမြို့ (၉) မိုင်စစ်ဆေးရေးစခန်း၌ ကလေး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇိုးနွန်ဆန်းငါ(၂၇)နှစ်မောင်းနှင်လာသည့် 6L/xxxx မော်တော်ယာဉ် အားရပ်တန့်စစ်ဆေးရာ ထိုင်ခုံအောက် ဂျပ်ဖာအတွင်းမှ အရှည် ၃ ပေ ၇ လက်မခန့်ရှိ အိန္ဒိယနိုင်ငံထုတ် လေသေနတ် ၃ လက်၊ အရှည် ၃ ပေ ၅ လက်မခန့်ရှိ တရုတ်နိုင်ငံထုတ် လေသေနတ် ၁ လက်၊ စုစုပေါင်း လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် တွေ့ရှိသိမ်းဆည်းခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၀၄၄၅ အချိန်တွင် ဇိုးနွန်ဆန်းငါ(ဖမ်းမိ)အား ကလေးမြို့မရဲစခန်း (ပ)၉၆၅/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ကလေးမြို့၌ လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် သိမ်းဆည်းရမိ ကလေးမြို့၌ လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 13:41 Rating: 5
Powered by Blogger.