မီးလောင်မှုဖြစ်ပွားသည့် ကြက်သားစက်ရုံ၌ မြန်မာ အလုပ်သမားများမရှိကြောင်းသိရ


နခွန်ရပ်စီမာ ဇူလိုင် ၁၂

ထိုင်းနိုင်ငံ၊ နခွန်ရပ်စီမာပြည်နယ်၊ ကိုရတ်မြို့နယ် ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းမီးလောင် ခဲ့သော ကြက်သားစက်ရုံတွင် ထိုင်းအလုပ်သမား ၅၀၀ခန့် ၀င်ရောက် အလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာ အလုပ်သမားများသောကြောင့် စိုးရိမ်စရာမရှိကြောင်း ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံး၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

ဒေသစံတော်ချိန် ၁၀ နာရီဝန်းကျင်တွင်ထိုင်းနိုင်ငံ၊ နခွန်ရပ်စီမာပြည်နယ်၊ကိုရတ်မြို့နယ် စက်မူဇုန်ရှိ ကြက်သားစက်ရုံ၌ မီးဖိုဆောင်မှတဆင့်  မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး စက်ရုံဝန်ထမ်းအချို့ မှ မီးဖိုဆောင်အတွင်းရှိ ဓာတ်ငွေ့ အိုးများ အားစက်ရုံအတွင်းမှအချိန်မီသယ်ထုတ်နေရာပြောင်းရွေ့ နိုင်ခဲ့ ခြင်းကြောင့်  ပေါက်ကွဲမှုမဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ မီးလောင်မှုကြောင့်  တန်ဖိုးငွေဘတ် ၁၀ ကျော်တန်ဖိုးရှိ ပစ္စည်းများပျက်ဆီးဆုံးရှုံးခဲ့ရကြောင်းထိုင်းနိုင်ငံရှိ သတင်းဌာနများမှဖော်ပြချက်အရသိရသည်။

“စက်ရုံမီးလောင်မှုဖြစ်တယ်ဆိုတဲ့သတင်းအချက်လက်တွေ ကျနော်တို့ ထံရောက်လာတာနဲ့ ကျနော်တို့အလုပ်သမားတွေပါရှိရင် အချိန်နဲ့တ ပြေး ညီအကူညီပေးနိုင်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန (DOE)ရုံချုပ် ကိုဆက်သွယ်စုံစမ်းကြည့်တဲ့အခါ မြန်မာအလုပ်သမားမရှိဘူးဆိုတာ သိရတယ်”လို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောပါသည်။

အခင်းဖြစ်မီးလောင်မှုဖြစ်ပွားရာနေရာသို့  မြို့ နယ် မီးသတ်စခန်းမှမီးငြိမ်းသတ်ယာဉ်များအပါအ၀င် အခြားမြို့ နယ် မီးသတ်စခန်းအသီးသီးမှမီးငြိမ်းသတ်ယာဉ် ၂၀ စီးဖြင့်  ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ ကြရာ ၃ နာရီအကြာတွင်မီးငြိမ်းသတ်နိုင်ခဲ့ ပြီး လက်ရှိ ၆ ဦး ဒဏ်ရာရရှိခဲ့ ကြောင်းထိုင်းနိုင်ငံရှိ သတင်းဌာနများမှ ဖော်ပြချက်အရသိရသည်။

နန္ဒကျော်စွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မီးလောင်မှုဖြစ်ပွားသည့် ကြက်သားစက်ရုံ၌ မြန်မာ အလုပ်သမားများမရှိကြောင်းသိရ မီးလောင်မှုဖြစ်ပွားသည့် ကြက်သားစက်ရုံ၌ မြန်မာ အလုပ်သမားများမရှိကြောင်းသိရ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.