မြောင်းမြမြို့တွင် စည်ပင်ရေမြောင်းတူးရာမှ တိုက်အိမ် ရှေ့မျက်နှာစာ ပြိုကျမှုဖြစ်ပွား


မြောင်းမြ ဇူလိုင် ၁၁

မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီက မြို့ပေါ်ရပ်ကွက်များ မိုးရာသီ ရေကြီးရေလျံမှု ကာကွယ်ရန် ရေစီးရေလာကောင်းစေရေးအတွက် မြို့တွင်းလမ်းများ၌ ရေနှုတ်မြောင်းများ တူးဖေါ် ဆောင်ရွက်ရာမှ နေအိမ်တစ်လုံး အိမ်ရှေ့ မျက်နှာစာ ပြိုကျမှု ဖြစ်ပွါးခဲ့ကြောင်းသိရသည်။
မနေ့က ညနေ ၆ နာရီ နီးပါးလောက်မှာ ဖြစ်သွားတာပါl တိုက်အိမ်က ၁၉၅၉ ခုနှစ်က ဆောက်ထားတာလို့သိရတယ် l လမ်းဘေး ရေမြောင်း အသစ် တိုးချဲ့ ပြင်ဆင်ဖို့ ရေမြောင်းတူးဖေါ်ရင်း နေအိမ်အရှေ့မျက်နှာစာ အခင်းနဲ့ အမိုး ပြိုကျသွားတာပါl လူတွေကိုတော့ ထိခိုက်မှုမရှိပါဘူး l ခုလောလောဆယ် အပျက်အစီးတွေကို ရှင်းလင်းဆောင်ရွက်နေပါတယ် ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ AE ဦးရွှေထွန်းက ပြောသည်။


အိမ်ရှေ့မျက်နှာစာပြိုကျခဲ့သည့်အိမ်မှာ ၁၀ လမ်းရှိ ဦးသောင်းထိုက်ဦး ၏ နှစ်ထပ်တိုက်နေအိမ်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် ၉ လမ်းနှင့် ၁၀ လမ်းတွင် အကျယ် ၁ ပေ၆ လက်မ l အနက် ၂ ပေ ရှိ အုတ်ရေမြောင်းများ ဆောင်ရွက်လုပ်ကိုင်ရန် မြေတူးဖေါ်ရာမှ ပြိုကျခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေအိမ် ဆက်လက်ပြိုကျမှုမဖြစ်ရေး l ဘေးအန္တရာယ်မဖြစ်စေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဧရိယာနယ်မြေအတွင်း အတားအဆီးများပြုလုပ်ခြင်း l မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ များက အပျက်အစီးများ ရှင်းလင်း ဆောင်ရွက်ခြင်း l တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်း l မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး တို့က အနီးကပ် ကြီးကြပ်ကာ အများ ပြည်သူ အန္တရာယ် ဖြစ်ပေါ်မှုမရှိရေး ကြီးကြပ် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

ခရိုင် ပြန်ဆက်(မြောင်းမြ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြောင်းမြမြို့တွင် စည်ပင်ရေမြောင်းတူးရာမှ တိုက်အိမ် ရှေ့မျက်နှာစာ ပြိုကျမှုဖြစ်ပွား မြောင်းမြမြို့တွင် စည်ပင်ရေမြောင်းတူးရာမှ တိုက်အိမ် ရှေ့မျက်နှာစာ ပြိုကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.