ညောင်လေးပင်မြို့နယ်၌ အကြွေးကိစ္စဖြေရှင်းရာမှ လူသတ်မှု ဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ကြာအင်းကြီးကျေးရွာတွင် ဇွန် ၁၈ ည ၈ နာရီ ၄၀ အချိန်ခန့်က အကြွေးကိစ္စဖြေရှင်းရာမှ လူသတ်မှု့ဖြစ်ပွါးကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကြာအင်းကြီးကျေး ရွာ လယ်တဲ၌နေထိုင်သူ မအေးအေးခိုင်(၄၂နှစ်)အား လယ်ထဲရှိနေ အိမ်၌နေထိုင်စဉ် တစ်ရွာတည်းနေ သူ သန်းဇော်လင်း(၂၃နှစ်)က အကြွေးကိစ္စဖြေရှင်းရန် ရွာထဲရှိ ဦးစိုးခင်၏ ခေါင်းရင်းတဲ အိမ်ရှေ့ သို့ ခေါ်ဆိုရာ တဲရှေ့အရောက်တွင် အသင့်ပါလာသော အရိုးအသွား ၁၁လက်မရှိ စတီးဓားဖြင့် နောက် ကျောမှထိုးလိုက်ရာ မအေးအေးခိုင် မှာ အခင်းဖြစ်နေရာ၌ပင် သေဆုံး သွားခဲ့သည်။

 ည ၁ဝ နာရီ ၁၅မိနစ်တွင် သေဆုံးသူ၏ခင်ပွန်းက မြို့မရဲစခန်း ၌ တရားလိုပြုလုပ်အမှုဖွင့်ခဲ့ပြီး ညောင်လေးပင်မြို့မ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေ ရာမှထွက်ပြေးတိမ်းရှောင်သွားသော ပြစ်မှုကျူးလွန်သူသန်းဇော်လင်းအား ဇွန်လ ၁၉ ရက်နေ့ ယနေ့နံနက် ၇နာရီခွဲတွင်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

မြို့မရဲစခန်းမှူးဒုရဲမှူးဌေးဝင်းက ''ဖြစ်စဉ်ကတော့ ကြွေးတောင်း တဲ့ကိစ္စနဲ့စဖြစ်တာ အမှုဖွင့်ပြီး ၁ဝ နာရီအတွင်းမှာပဲ တရားခံကိုဖမ်းဆီး ရမိခဲ့ပါတယ်''ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ သန်းဇော်လင်းအား ညောင်လေးပင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် ဖမ်း ဆီး အရေးယူဆာင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကိုထွေး(ညောင်လေးပင်) / ကိုသူရ(ညောင်လေးပင်)

ညောင်လေးပင်မြို့နယ်၌ အကြွေးကိစ္စဖြေရှင်းရာမှ လူသတ်မှု ဖြစ်ပွား ညောင်လေးပင်မြို့နယ်၌ အကြွေးကိစ္စဖြေရှင်းရာမှ လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.