ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ကားမှောက်မှုကြောင့် လူ ၁၀ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံတွင် မောင်းနှင်နေသော ဂျစ်ကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
အစ္စလာမ်မာဘတ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

    ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်ရှိ လျှိုမြောင်တစ်ခုအတွင်းသို့ ခရီးသွား ဂျစ်ကားတစ်စီး ပြုတ်ကျခဲ့ရာ မိသားစုတစ်ခုတည်းမှ အမျိုးသမီး ၈ ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦးသေဆုံးသွားခဲ့ကြောင်း၊ အခြားသူ ၄ ဦးမှာ စိုးရိမ်ဖွယ် ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယားက သတင်းဖော်ပြခဲ့သည်။

ဒေသတွင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ ပြောကြားချက်အရ မိသားစုဝင်များသည် ဇွန်လ ၂၀ ရက်က စေ့စပ်ပွဲတစ်ခုမှ အိမ်သို့ ပြန်လာစဉ် ယင်းပြည်နယ်ရှိ Mansehra ခရိုင် Bela Sacha နယ်မြေတွင် ယခုလို ကားတိမ်းမှောက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းသည် ကားကို ကွေ့ရာတွင် အရှိန်မထိန်းနိုင်ဖြစ်သွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်မောင်းလည်း ဒဏ်ရာပြင်းထန်သူ လေးဦးတွင် အပါအဝင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ ဒေသခံများနှင့် ကယ်ဆယ်ရေး တာဝန်ရှိသူများ ရောက်ရှိလာခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများအား သယ်ဆောင်ခဲ့ကြောင်း၊ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ကားမှောက်မှုကြောင့် လူ ၁၀ ဦးသေဆုံး ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ကားမှောက်မှုကြောင့် လူ ၁၀ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.