အစိုးရအဖွဲ့ဝင်တွေကို လုပ်ငန်းရှင်တွေ ဖိတ်တဲ့ အခမ်းအနားတွေ မတက်ဖို့ တားမြစ်

အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မထားတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ဖိတ်ကြားတဲ့ အခမ်းအနားတွေကို တက်ရောက်ခြင်း မပြုဖို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်ကိုတွေ့ရစဉ်
ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနတွေအနေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မထားတဲ့ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ဖိတ်ကြားတဲ့ အခမ်း အနားတွေကို တက်ရောက်ခြင်းမပြုဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြီး တားမြစ်လိုက်ပါတယ်။

အစိုးရအုပ်ချုပ်ရေးနဲ့ မဆက်စပ်တဲ့ အခမ်းအနားတွေကို တက်ရောက်တာတွေရှိနေတဲ့အတွက် အခုလို ညွှန်ကြားချက် ထုတ်ပြန်လိုက်တာလို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

"နံပါတ် ၁ အချက်က ပြည်ထောင်စုဝန်ကြီးတွေ ဒုဝန်ကြီးတွေ၊ နောက်တချက်က ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဝန်ကြီးချုပ် တချို့ပေါ့နော်၊ အကုန်လုံးကိုမဆိုလိုဘူး၊ တချို့က အစိုးရအုပ်ချုပ်ရေးနဲ့ မဆက်စပ်တဲ့ အခမ်းအနားတချို့ သွားတက်နေတာတွေ့တယ်၊ တွေ့တော့ တချို့ အမြင်မတော် မသင့်လျော်တဲ့ ကိစ္စတွေ ဖြစ်တာလည်းတွေ့တယ်၊ တွေ့တော့ အခုသမ္မတရုံးကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရော တိုင်းဒေသကြီး ပြည်နယ်အကုန်လုံးကို ညွှန်ကြားချက်ထုတ်လိုက်တာဖြစ်တယ်"

အဲဒီညွှန်ကြားချက်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီညွှန်ကြားချက်မှာ နိုင်ငံတော်အစိုးရ (သို့မဟုတ်) တိုင်းဒေသကြီး ပြည်နယ်အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်ဆောင် ရွက်ထားခြင်းမရှိတဲ့ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အစီအစဉ်နဲ့ ကျင်းပပြုလုပ်တဲ့ အခမ်းအနားတွေ တက်ရောက်ဖို့ ဖိတ်ကြားတာတွေကို လက်ခံတက်ရောက်တာမျိုး မပြုလုပ်ဖို့ ဆိုပြီး ပါဝင်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့က ၀န်ကြီးတွေ အခမ်းအနားတချို့မှာ ဖဲကြိုးဖြတ်တာတွေ၊ စီးပွားရေးလုပ်ငန်းရှင် တချို့ရဲ့ ပွဲလမ်းသဘင်တက်တာတွေကို ဝေဖန်မှုတချို့ ရှိလာပြီးနောက်ပိုင်းမှာ နိုင်ငံတော်သမ္မတရုံးက အခုလို ညွှန်ကြားချက်ထုတ်ပြန်တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
အစိုးရအဖွဲ့ဝင်တွေကို လုပ်ငန်းရှင်တွေ ဖိတ်တဲ့ အခမ်းအနားတွေ မတက်ဖို့ တားမြစ် အစိုးရအဖွဲ့ဝင်တွေကို လုပ်ငန်းရှင်တွေ ဖိတ်တဲ့ အခမ်းအနားတွေ မတက်ဖို့ တားမြစ် Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.