နောင်ချိုမြို့အဝင် တိုးဂိတ်အနီး ခရီးသည်တင်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကျော်နှင့် ပြစ်မှုကျူးလွန်သူများ ဖမ်းမိ


နေပြည်တော် ဇွန် ၂၂

မူးယစ်တပ်ဖွဲ့စု ၂၄ လားရှိုးမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် ညနေ ၅ နာရီက နောင်ချို မြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေးသွား ပြည်ထောင်စု ကားလမ်းတွင် ခရီးသည်တင်မော်တော် ယာဉ်ကိုရှာဖွေရာ ခရီးသည် မြင့်သူ နှင့် မအေးဆိုင်မွမ်းတို့၏ ကော်ပုံး လေးပုံးနှင့် ခရီးဆောင်အိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၆၆ဝ (ဘိန်းဖြူ အလေးချိန် ၇ ဒသမ ၂၆ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၈ဝဝဝ၊ ရွှေလက်ကောက် ခြောက်ကွင်း၊MC ဟန်းချိန်းတစ်ခု၊ ရွှေဆွဲကြိုးတစ်ကုံး၊ ဆွဲသီးတစ်ခု၊ ရွှေလက်စွပ်လေးကွင်း၊ ရွှေနားကပ် တစ်ရံ၊ ငွေကျပ် ၁ဝ သိန်း နှင့် လက်ကိုင်ဖုန်း သုံးလုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 ကွင်းဆက် အရ ည ၈ နာရီတွင် မူးယစ်ဆေးဝါး များ သယ်ဆောင်ခိုင်းသူ မနှင်းရီ အား မူးယစ်တပ်ဖွဲ့စု ၃ မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဟိုပင်မြို့ မြသီတာ ရပ်ကွက် နယ်မြေ ၃ နန်းချယ်ရီလမ်း နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယင်းနေ့ နံနက် ၁ဝ နာရီခန့်က မူးယစ်တပ်ဖွဲ့စု ၂၉ မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့ မြို့မ (ကွက်သစ်)ရပ်ကွက်နေ ကျဆော်နှင့် မနာပါး(ခ) လားဟူမတို့၏ နေအိမ်ကို ရှာဖွေရာ ကျဆော်အားတွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၄၇၈ဝ၊ ငွေကျပ်ခြောက်သိန်းနှင့် ထိုင်း ဘတ်ငွေ ၆၅ဝဝဝ တို့ကို လည်းကောင်း၊ အလားတူ တန့်ယန်းမြို့ အမှတ် ၂ ရပ်ကွက် အုပ်စု ၁၃-ခ မန်မိုင်ဝ ကျေးရွာနေ စိုင်းထွန်း၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၄ဝဝ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သတင်းရရှိသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

နောင်ချိုမြို့အဝင် တိုးဂိတ်အနီး ခရီးသည်တင်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကျော်နှင့် ပြစ်မှုကျူးလွန်သူများ ဖမ်းမိ နောင်ချိုမြို့အဝင် တိုးဂိတ်အနီး ခရီးသည်တင်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကျော်နှင့် ပြစ်မှုကျူးလွန်သူများ ဖမ်းမိ Reviewed by THITHTOOLWIN on 10:44 Rating: 5
Powered by Blogger.