ကက်ရှ်မီးယား အိန္ဒိယအခြမ်း ညွန့်ပေါင်းအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်


ဂျမှူး၊ ကက်ရှ်မီးယားဒေသ အိန္ဒိယနိုင်ငံက အုပ်ချုပ်တဲ့အခြမ်းမှာ အကြမ်းဘက်မှုနဲ့ အစွန်းရောက်မှုတွေ တိုးပွားများပြားနေကြောင့် အာဏာရ Bharatiya Janata Party (BJP) အနေနဲ့ ယာယီ ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ နှုတ်ထွက်လိုက်ပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်ပါတီ PDP နဲ့ BJP တို့ ဖွဲ့ထားတဲ့ ပြည်နယ် ညွန့်ပေါင်းအဖွဲ့ကနေ ပြည်နယ်ဝန်ကြီးချုပ် Mufti က နုတ်ထွက်စာတင်သွားပါတယ်။

ဝန်ကြီးချုပ်မိုဒီ နောက်လာမယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လို့ ထပ်ပြီး အရွေးခံရရင်တောင်မှ သူ့ပါတီ BJP ဟာ ကက်ရှ်မီးယားဒေသကို လွှမ်းမိုးနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်သူတွေက ဆိုပါတယ်။

မိုဒီရဲ့ ပါတီဟာ ပြည်နယ်ပေါင်း ၂၉ ခု အနက် ၁၈ ခုမှာ အသာစီးရရှိပြီး ကျန်ပြည်နယ်များမှာတော့ ကက်ရှ်မီးယားကတော့ ထပ်ပြီး လက်လွှတ်ရတဲ့ ပြည်နယ်ဖြစ်ပါတယ်။

AFP Photo
RFA Burmese
https://www.facebook.com/rfaburmese
ကက်ရှ်မီးယား အိန္ဒိယအခြမ်း ညွန့်ပေါင်းအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက် ကက်ရှ်မီးယား အိန္ဒိယအခြမ်း ညွန့်ပေါင်းအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက် Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.