တောဆင်ရိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွား


ကရသူရိ ဇွန် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကရသူရိမြို့ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော (ဘ)ဦးထွန်းမြ၏သားဖြစ်သူ ဦးကျော်လှိုင် အသက်(၄၄)နှစ်သည် အစ်ကိုဖြစ်သူ၏ဥယျာဉ်ခြံ၌ ဇွန်လ ၁၁ရက်နေ့ ညနေပိုင်းက ခြံစောင့်၍အိပ်ပျော် နေစဉ် တောဆင်ရိုင်းနင်း၍ သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကရသူရိမြို့အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သော(ဘ)ဦးကြီးခင်၏ သားဖြစ်သူမှ ၎င်း၏ဥယျာဉ်ခြံတွင်ခြံစောင့်နေသော ဦးလေးဖြစ်သူ ဦးကျော်လှိုင်သည် တောဆင်ရိုင်းနင်း၍သေဆုံးနေကြောင်း လာရောက် သတင်းပေးပို့သဖြင့် ယနေ့၊ နံနက်၉နာရီခွဲတွင် နယ်မြေရဲစခန်းမှစခန်းမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဥယျာဉ်ခြံပိုင်ရှင်တို့နှင့်အတူသွားရောက်စစ်ဆေးရာချောင်းရှစ်ဖျာဆီအုန်းစခန်းအရှေ့ဘက် တောထဲရှိ အလျား(၁၆)ပေ၊ အနံ(၁၂)ပေခန့်ရှိ ခြံစောင့်ကျော်လှိုင်အိပ်နေသော ၀ါးတဲအားတောဆင်ရိုင်းမှာ ၀င်ရောက်ဖျက်ဆီးသဖြင့် ဦးကျော်လှိုင်မှာထွက်ပြေးစဉ် တဲနှင့် ၁၅ပေခန့်အကွာမြေပြင်ပေါ်၌ တောဆင်ရိုင်းမှနင်း၍ ခန္ဓာကိုယ်ဝဲဘက်ဆီးခုံတွင် ညိုမဲဒဏ်ရာရရှိ၍ အခင်းဖြစ်ပွားနေရာတွင်သေဆုံးနေကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်လှိုင်သေဆုံးမှုအား နယ်မြေစခန်းမှစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကရသူရိ (ပြန်/ဆက်)
တောဆင်ရိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွား တောဆင်ရိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.