တရုတ်​နိုင်​ငံတွင် ​​ရောင်းစားခံရပြီး​ဒုက္ခ​ရောက်​​နေသည့်​ ပအိုဝ်းတိုင်းရင်းသား ၅ဦးကို ပြန်​လည်​ကယ်​တင်​​နိုင်


တောင်​ကြီး ဇွန်​ ၂၀

ဝမ်းစာဖူလုံ​​ရေးအတွက် တဖက်နိုင်ငံတွင် ​​​​​လစာ​ကောင်း​​ရမည်ဟု​စွဲ​ဆောင်​ပြီး ​ပွဲစားကတရုတ်​နိုင်​ငံသို့ အခ​ကြေး​ငွေယူပို့ဆောင်ရာမှ အပို့ခံရသူများလစာမရဘဲဒုက္ခနှင့်​ကြုံ​တွေ့​နေရ​သည်ကို ပအိုဝ်းကျန်းမာ​ရေးအဖွဲ့က ပြန်​ကယ်​နိုင်​ကြောင်းသိရသည်​။

တရုတ်နိုင်ငံ​​မန်​စီမြို့နယ်​တွင်​ အလုပ်​သွားလုပ်​ရာတွင် ​လစာမရပဲဒုက္ခ​ရောက်​​နေသည့်​ ပအိုဝ်းတိုင်းရင်းသား ၅ ဦးကို ပအိုဝ်း​ဒေသကျန်းမာ​ရေး ​ဖော်​​ဆောင်​မှုလုပ်​ငန်း​ကော်​မတီအဖွဲ့က ပြန်​လည်​ကယ်​တင်​​ပေးခဲ့​ကြောင်း ဇွန်​ ၂၀ ရက်​တွင်​သိရသည်​။

``သူတို့​ဒေသမှာ စိုက်​ပျိုး​ရေးတစ်​မျိုးပဲရှိတယ်​ အဲစိုက်​ပျိုး​ရေးကလည်း​ဈေးကွက်​ကမရှိဘူး၊ မြို့နဲ့အလှမ်း​ဝေးတယ်​ အဲ​တော့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ ကိုယ့်​ဝမ်းစာဖူလုံ​ရေး စတဲ့အ​ထွေအ​ထွေစရိတ်​အတွက်​ ပိုက်​ဆံလိုလာတယ်​။ ဝင်​​ငွေလည်း​ကောင်းမယ်​ အလုပ်​လည်းသက်​သက်​သာသာလုပ်​ရမယ်​လို့ အခ​ကြေး​ငွေယူပြီး လူပို့​ပေးတဲ့ပွဲစား​တွေကမြူ စွယ်​​တော့ ပါသွားကြတာ​ပေါ့´´ဟု ပအိုဝ်း​ဒေသ ကျန်းမာ​ရေး ဖော်​​ဆောင်​မှုလုပ်​ငန်း​ကော်​မတီ ဒါရိုက်​တာခွန်​​နေထူးက​ပြောသည်​။

အဆိုပါ ပအိုဝ်းတိုင်းရင်းသား ၅ ဦးကို ​တောင်​ကြီး​မြောက်​ဘက်​ ​နေထိုင်​သူ ကိုငယ်​ ဆိုသူက အလုပ်​အပ်​​ပေးမည်​ဟု​ပြောကာ တစ်​​​ယောက်​ကို ဝန်​​ဆောင်​ခ ကျပ်​နှစ်​သိန်းငါး​သောင်းယူပြီး ဧပြီလတွင်​ တရုတ်နိုင်ငံကို ​​ပို့​ပေးခြင်းဖြစ်​​​ကြောင်းသိရသည်​။

ကိုငယ်​သည်​ အမှန်​တစ်​ကယ်​ အလုပ်​အပ်​မ​ပေးပဲ ​ရွှေလီရှိ Five star ​အလုပ်​သမားရှာ​ဖွေ​ရေးကုမ္မဏီတွင်​သာ ​ခေါ်​ဆောင်​သွားပြီး ပစ်​ထားခဲ့​​ကြောင်း၊ ယင်း​ကုမ္မဏီကသုံး​ယောက်​ကို စား​သောက်​ဆိုင်​တွင်​ အလုပ်​သွင်း​ပေးပြီး နှစ်​​ယောက်​ကိုကြံခင်းတွင်​ ​နေ့စားအလုပ်​သမားအဖြစ်​ ပို့​ပေးခဲ့​ကြောင်း၊ ယင်းသို့အလုပ်​လုပ်​​နေစဉ်​အတွင်း တစ်​လမှ လစာမရရှိပဲ မှတ်​ပုံတင်​များကို အလုပ်​ပိုင်​ရှင်​ တရုတ်သူ​ဌေးများက သိမ်းထား​သည့်​အပြင် တရုတ်​လိုသာ​ရေးထား သည့်​စာချုပ်​​ဖြင့် အလုပ်အေဂျင်စီနှင့် အလုပ်ရှင်သူဌေးက လက်​မှတ်​​ရေးထိုးရ​ကြောင်း ပအိုဝ်း​ဒေသ ကျန်းမာ​ရေး ​ဖော်​​ဆောင်​မှုလုပ်​ငန်း​ကော်​မတီ ဒါရိုက်​တာ ခွန်​​နေထူး​ပြောပြချက်​အရသိရသည်​။

ပအိုဝ်း​ဒေသကျန်းမာ​ရေး ​ဖော်​​ဆောင်​မှုလုပ်​ငန်း​ကော်​မတီအဖွဲ့၏ ကူညီမှုဖြင့်​ ပြန်​လည်​​ရောက်​ရှိလာသူများတွင်​ ​မောက်​မယ်​မြို့နယ်​ ထီဟန်​ခြွီရွာမှ နန်းဗိုကြည်​၊ နန်းဝွန်​ နှင့်​ နန်းနန်း ၊ ​ဆီဆိုင်​မြို့နယ်​ ထီထဲုင်​ထိုးရွာမှ ခွန်​ထင်​ ၊ ​မောက်​မယ်​မြို့နယ်​ ပနား​ပင်​ရွာမှ ခွန်​ထိန်​ ၅ ဦးတို့ဖြစ်​သည်​။

ယင်းသို့ လုပ်​အားခမရသည့်​အတွက်​ အလုပ်​မှထွက်​ကာ ​ရွှေလီမြို့ five star အလုပ်​သမားရှာ​ဖွေ​ရေးကုမ္မဏီ သို့ပြန်​သွားခဲ့ပြီး မှတ်​ပုံတင်​ကိုမူ အလုပ်​ပိုင်​ရှင်​မှ ပြန်​မ​ပေးသည့်​အတွက်​ ​ကုမ္မဏီကိုပြန်​​တောင်းခိုင်းရာ မှတ်​ပုံတင်​တစ်​ခုကို တရုတ်​​ငွေ ယွမ်​ ၁၀၀ကျပ်​ဖြင့်​ ပြန်​​ရွေးခဲ့ရပြီး ​လေးဦးသာမှတ်​ပုံတင်​ပြန်​ရခဲ့​ကြောင်း၊ မြန်​မာနိုင်​ငံဖက်​သို့ ပြန်​လာလို​သော်​လည်း မပြန်​တတ်​သည့်​အတွက်​ ယင်း​ကုမ္မဏီရုံး​နောက်​ဖက်​အခန်းကျဉ်းထဲတွင်​ သုံးရက်​တိုင်​တိုင်​ ထမင်းမစားရပဲ​နေခဲ့ရေ​ကြာင်း၊ ဇွန်​လ ၁၃ရက်​တွင်​ နယ်​စပ်​တွင်​ အလုပ်​လုပ်​​နေသည့်​ ​ခွန်​​ဝေဠုဆိုသူမှ ယင်းရုံးသို့​ကိစ္စတစ်​ခုဖြင့်​ရောက်​စဉ်​ ​တွေ့ခဲ့သည့်​အတွက်​ ခွန်​​ဝေဠုမှ ထမင်းများဝယ်​​ကျွေးခဲ့​ကြောင်း၊ ထိုမှတစ်​ဆင
့်​ခွန်​​ဝေဠုက ပအိုဝ်း​ဒေသကျန်းမာ​ရေးလုပ်​ငန်း​ဖော်​​ဆောင်​​ရေး​​ကော်​မတီကို ဆက်​သွယ်​လာသည့်​အတွက်​ စရိတ်​ကားခများအားလုံးကို ​ကော်​မတီမှ တာဝန်​ယူပြီး ခွန်​​ဝေဠုမှ မြန်​မာနိုင်​ငံ မူဆယ်​ကားဂိတ်​အထိ လိုက်​ပို့​ပေးခဲ့ပြီး ​တောင်​ကြီး မူဆယ်​တိုက်​ရိုက်​ကား​ပေါ်တင်​​ပေးလိုက်​သည့်​အတွက်​ ဇွန်​ ၁၈ ရက်​တွင်​ ​တောင်​ကြီးမြို့ရှိ ပအိုဝ်း​ဒေသကျန်းမာ​ရေး ​ဖော်​​ဆောင်​မှုလုပ်​ငန်း​ကော်​မတီရုံးသို့​ရောက်​ရှိလာခဲ့​ကြောင်းသိရသည်​။

ယင်းကဲ့သို့တရုတ်​နိုင်​ငံတွင်​ ယာယီနယ်​စပ်​ဖြတ်​​ကျော်​​ ၇ ရက်​​လည်​ပတ်​ခွင့်​ လက်​မှတ်​ဖြင့်​ဝင်​​ရောက်​ပြီး တရားမဝင်​​နေထိုင်​ကာ အလုပ်​လုပ်​​နေသည့်​ သူများအများအပြားရှိပြီး တစ်​ချို့သည်​ ပြန်​လာလို​သော်​လည်း ပွဲစားခကို အ​ကြွေးယူပြီး သွားရသည့်​အတွက်​ အ​ကြွေးမဆပ်​နိုင်​​သေးသည့်​အတွက်​ မပြန်​လာသည့်​သူများ​လည်းရှိ​ကြောင်း ခွန်​​နေထူးက ​ပြောသည်​။

``သူတို့​တွေ ၅ ဦးစလုံးက တစ်​​ယောက်​မှ ​ကျောင်းမတက်​ဖူးကြဘူး၊ မဗာစကား​တောင်​မတတ်​ဘူး၊ အသိပညာဗဟုသုတ​တွေမရှိကြဘူး၊ ဒီလိုဖြစ်​တာ သူတို့ကို အပြစ်​တင်​လို့မရဘူး၊ အဓိကကျတဲ့ ​ဒေသဖွံ့ဖြိုး​ရေး၊ ပညာ​ရေး၊ လမ်းပန်းဆက်​သွယ်​​ရေး၊ စီးပွား​ရေးအခွင့်​အလမ်း​ကောင်း​အောင်​ မလုပ်​​ပေးနိုင်​တဲ့ ​ခေါင်း​ဆောင်​​​တွေ နဲ့ အစိုးရမှာလည်း တာဝန်​ရှိတယ်။ အဖက်ဖက်နိမ့်ကျနေတဲ့ ဒေသမှာနေထိုင်ကြတဲ့ ဒေသခံလူထုတွေ အထူးသဖြင့် လူငယ်လူရွယ်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရန် လိုအပ်တယ်​´´ဟု ခွန်​​နေထူးက​ပြောသည်​။

ထိုသူ ၅ ဦးကို ယ​နေ့ဇွန်​ ၂၀ ရက်​တွင်​ ပအိုဝ်း​ဒေသ ကျန်းမာ​ရေး​ဖော်​​ဆောင်​မှုလုပ်​ငန်း​ကော်​မတီမှ တာဝန်​ယူပြီး ​တောင်​ကြီးမြို့မှရွာပြန်​​ရောက်​သည်​အထိ ပို့​ဆောင်​ကာ မိဘဆီပြန်​လည်​အပ်​နှံ​ပေးခဲ့​ကြောင်း ယခုကဲသို့ဖြစ်စဉ်များ ယခင်တွင်လည်းမကြာခဏဖြစ်ပျက်နေလျက်ရှိကြောင်း သိရသည်​။

BY ခွန်​ယံ
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
တရုတ်​နိုင်​ငံတွင် ​​ရောင်းစားခံရပြီး​ဒုက္ခ​ရောက်​​နေသည့်​ ပအိုဝ်းတိုင်းရင်းသား ၅ဦးကို ပြန်​လည်​ကယ်​တင်​​နိုင်​ တရုတ်​နိုင်​ငံတွင် ​​ရောင်းစားခံရပြီး​ဒုက္ခ​ရောက်​​နေသည့်​ ပအိုဝ်းတိုင်းရင်းသား ၅ဦးကို ပြန်​လည်​ကယ်​တင်​​နိုင်​ Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.