အင်းတော်မြို့နယ်တွင် အမှတ် ၅၈၂ အဆန်ကုန်ရထားနှင့် ထော်လာဂျီယာဉ်တိုက်မိ ယာဉ်မောင်းသေဆုံး


အင်းတော် ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တရားမဝင်သံလမ်းကူး၌ အမှတ် ၉၃၇အဆန်ကုန်ရထားနှင့် တရားမဝင်ကျွန်းသစ်ခွဲသားများတင် ဆောင်လာသော တစ်လုံးထိုးယာဉ်တိုက်မိရာယာဉ်မောင်းသူမှာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည် ။


ဖြစ်စဉှ်မှာဇွန် ၂၄ရက်နံနက် ၆နာရီအချိန်ခန့်က ဆယ်ရွာဘူတာနှင့် အင်းတော်ဘူတာကြား မိုင်တိုင်အမှတ် ၅၈၂တွင် မန္တလေးမှမြစ်ကြီးနားသို့ စက်ခေါင်းမောင်းဦးသန်းစိုး ဂါတ်ဗိုလ် ဦးထွန်းထွန်းဝင်းတို့ မောင်းနှင်လာသော အမှတ်၉၃၇ အဆန်ကုန်ရထားသည် ဆည်ရွာဘူတာမှထွက်ခွာလာစဉ် နတ်မဟုတ်လေးကျေးရွာဘက်မှ အင်းတော်ဘက်သို့ ယာဉ်မောင်းနေလင်းအောင်မောင်းနှင်လာသော တစ်လုံးထိုးအပြာရောင်ထော်လာဂျီယာဉ်နှင့် အဆိုပါတရားမဝင်ဇီးဖြူကျင်း သံလမ်းကူးနေရာတွင်ဖြတ်သန်းမောင်းနှင်စဉ်တိုက်မိရာ ယာဉ်မောင်း နေလင်းအောင် ၃၀နှစ်သည် ဦးခေါင်းကြေမွဒဏ်ရာ ညာဘက် တင်ပါးပဲ့ထွက်ဒဏ်ရာများဖြင့်နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အဆိုပါယာဉ်တိုက်မှုကြောင့် အမှတ် ၉၃၇ အဆန်ကုန်ရထား စက်ခေါင်းမောင်းနှင့် ရထားထိန်းများမှာတစ်ဦးတစ်ယောက်မှထိခိုက် ဒဏ်ရာမရရှိဘဲရထားမှာဆက်လက်ထွက်ခွာခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ နေလင်းအောင်းအား အင်းတော်မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်းတော်မြို့နယ်တွင် အမှတ် ၅၈၂ အဆန်ကုန်ရထားနှင့် ထော်လာဂျီယာဉ်တိုက်မိ ယာဉ်မောင်းသေဆုံး အင်းတော်မြို့နယ်တွင် အမှတ် ၅၈၂ အဆန်ကုန်ရထားနှင့် ထော်လာဂျီယာဉ်တိုက်မိ ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.