ရိုက်သတင်းထောက်အမှု ပုပ်ရဟန်းမင်းကြီး ထည့်သွင်းပြောကြား

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ၂၀၁၇ နိုဝင်ဘာလ ၂၇ ရက်နေ့ က နေပြည်တော်မှာတွေ့ရစဉ်/ Photo: Kyaw Zaw Win/RFA
ကမ္ဘာတဝှမ်း သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုမိုရရှိဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် က တောင်းဆိုခဲ့ရာမှာ  မြန်မာနိုင် ငံက  နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးရဲ့အမှုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်ဆိုတာ အစဉ်အမြဲ အကာအကွယ်ပေးရမယ့် အခွင့်အရေးတခုဖြစ်ပါတယ်။ အစိုးရတွေဟာ သူတို့အပေါ် အများက မမြင်စေချင်တဲ့၊ ပြည်သူလူထု မသိစေချင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ မီဒီယာကို အမြဲပဲ ပိတ်ပင်လေ့ရှိကြတယ်၊ မီဒီယာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ကြရပါမယ်လို့ ရိုက်တာသတင်းဌာနက တွေ့ ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

ဒါ့ပြင် သတင်းသမားနှစ်ဦးကို ဘာကြောင့် ဖမ်းဆီး ချုပ်နှောင်ထားရသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရဖို့ အရေးကြီးကြောင်းလည်းပြောဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရပြောခွင့်ရသူ ဦးဇော်ဌေးကို ရိုက်တာသတင်းဌာန ကမေးမြန်းခဲ့ရာမှာ - မြန်မာ့ တရားရေးစနစ်ဟာ တခြား ဒီမိုကရေစီနိုင်ငံတွေမှာလို လွတ်လပ်ကြောင်း၊ လက်ရှိ အနေနဲ့ သတင်းသမား နှစ်ယောက်ရဲ့အမှုဟာ ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း၊ သူတို့မှာ အပြစ်မရှိကြောင်း  စစ်ဆေးတွေ့ရှိရင် လွတ်မြောက်မှာဖြစ်ပြီး၊ အပြစ်ကျူးလွန်ကြောင်းထင်ရှားရင် ပြစ်ဒဏ်ကျခံရမှာ ဖြစ်ကြောင်း၊ တရားစီရင်ရေးမှာ အစိုးရက ဝင်ရောက် မစွက်ဖက်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဖေါ်ပြပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရိုက်သတင်းထောက်အမှု ပုပ်ရဟန်းမင်းကြီး ထည့်သွင်းပြောကြား ရိုက်သတင်းထောက်အမှု ပုပ်ရဟန်းမင်းကြီး ထည့်သွင်းပြောကြား Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.