မြိတ်တွင် စားသုံးရန်မသင့်သည့် ဝက်အသေများအား ဖမ်းမိ


မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ၊ ပသောင်းတံတား စစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၈ ရက်၊ ညပိုင်းတွင် စားသုံးရန်မသင့်သည့် ဝက်အသေများ ဖမ်းဆီးရမိကြောင်း သိရပါတယ်။


မြိတ်မြို့နယ် တိ​/​မွေးကု၊ မြို့နယ်​စည်​ပင်​သာယာ​ရေး၊ အုပ်​ချုပ်​​ရေးနှင့် ပ​သောင်းတံတား ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သတင်းအရ ဝက်များတင်ဆောင်လာသည့်ကားအား ရပ်တန့်စစ်ဆေးရာ ဝက်အရှင်များနှင့် ရောပြီး ဝက်အသေ ၂၉ ကောင်အား ဖမ်းဆီးရမိတာပါ။


အဆိုပါ ဝက်အသေများအား မြေမြုပ်ဖျက်ဆီးပြီး သယ်ယူလာသူအား အရေးယူနိုင်ရန်ဆောင်ရွက်နေကြောင်း သိရပါတယ်။

Myat Htut - Myeik
မြိတ်တွင် စားသုံးရန်မသင့်သည့် ဝက်အသေများအား ဖမ်းမိ မြိတ်တွင် စားသုံးရန်မသင့်သည့် ဝက်အသေများအား ဖမ်းမိ Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.