အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်ကျင်းပခွင့်ရ


လာမယ့် ၂၀၂၆ ခုနှစ်မှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့၊ မက္ကဆီကို နိုင်ငံ သုံးနိုင်ငံကို ပူးတွဲကျင်းပခွင့် FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ပေးလိုက်ပါတယ်။

ပူးတွဲကျင်းပခွင့် တောင်းခံထားတဲ့ သုံးနိုင်ငံကို အာဖရိကတိုက်က ကမ်းလှမ်းထားတဲ့ Morocco နိုင်ငံနဲ့ ယှဉ်ပြီး ကမ္ဘာ့ဖလားအဖွဲ့ချုပ်က ဒီကနေ့ရုရှားနိုင်ငံမှာ မဲပေး ရွေးချယ်ခဲ့တာပါ။ ၁၃၄ မဲ၊ ၆၅ မဲနဲ့ United Bid လို့ ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ မက္ကဆီကို သုံးနိုင်ငံကို ရွေးချယ်လိုက်တာကြောင့် မြောက်အမေရိကတိုက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတုထ္ထအကြိမ် ကျင်းပခွင့် ရသွားတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေကို ဒီနှစ် ၂၀၁၈ အတွက် ရုရှားမှာ ကျင်းပဖို့ ရွေးချယ် ခဲ့သလို၂၀၂၂ ခုနှစ်အတွက် Qatar နိုင်ငံမှာ ကျင်းပဖို့ FIFA က ရွေးချယ်ထားပါတယ်။ မနက်ဖြန် ရုရှားမှာ အိမ်ရှင်ရုရှားအသင်းနဲ့ ဆော်ဒီ အာရေးဗီးယားနိုင်ငံ အသင်းတွေ စတင် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး တခြား ယှဉ်ပြိုင်မယ့် နိုင်ငံတကာ အသင်းတွေက အားကစားသမားတွေလည်း ရုရှားနိုင်ငံကိုရောက်နေကြပါတယ်။

ဇွန်လ ၁၄ ရက်နေ့ စတင်ကျင်းပပြီး ဇူလိုင် ၁၅ ရက်နေ့ မော်စကိုမှာ ဗိုလ်လု ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားမှာ အရင် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေလို နိုင်ငံတကာ အသင်း ၃၂ သင်းယှဉ်ပြိုင် ကစားမှာဖြစ်ပေမဲ့ နောင်မှာ ၄၈ သင်းအထိ တိုးချဲ့သွားဖို့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြေညာထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်ကျင်းပခွင့်ရ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်ကျင်းပခွင့်ရ Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.