မုံရွာတိုးဂိတ်ကို ခြောက်လအတွင်း ရွှေ့ပေးရန် သဘောတူ


မုံရွာ၊ဇွန်-၁၁

မုံရွာမြို့ဝင်တိုးဂိတ်ကို တိုင်းအစိုးရအဖွဲ့အစည်းအဝေးပြုလုပ်အပြီး ခြောက်လအတွင်း ရွှေ့ပြောင်းသွာမည် ဖြစ်ကြောင်းလျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန့်ညွှန့်ဝင်းက ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဝန်ကြီး၊မုံရွာနှင့်ချောင်းဦးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရွှေတောင်ကုမ္ပဏီမှ စစ်ကိုင်းတိုင်းတာဝန်ခံနှင့် မုံရွာအရပ်ဖက်အဖွဲ့အစည်းတို့ ယနေ့ ဇွန်လ၁၁ရက်နေ့ ညနေပိုင်း တွေ့ဆုံဆွေးနွေးပွဲတွင် ရွှေ့ပြောင်းမည့်မြေနေရာကိုပါ သတ်မှတ် သဘောတူခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် အရပ်ဖက်အဖွဲ့အစည်းများတောင်းဆိုသည့် အချက်များကို လိုက်လျောခဲ့သဖြင့် တိုးဂိတ်ရွှေ့ပြောင်းပေးရေးအတွက် ဆန္ဒပြမည့်အစီအစဉ်ကို ယာယီရွှေ့ပြောင်းကြောင်း မုံရွာမြို့ခံ ဦးစိုးဝင်းဆွေကပြောသည်။

အိအိမွန်
Monywa Gazette
https://www.facebook.com/monywagazette/
မုံရွာတိုးဂိတ်ကို ခြောက်လအတွင်း ရွှေ့ပေးရန် သဘောတူ မုံရွာတိုးဂိတ်ကို ခြောက်လအတွင်း ရွှေ့ပေးရန် သဘောတူ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.