ဝေါမြို့ မှာ ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦး ဓါးထောက်လုယက်ခံရ

ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးအား အမှတ် (၂) တံတားအလွန်တွင် ဓါးထောက်လုယက်ခံရဟုဆို
ဝေါ ဇွန် (၂၂ )

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပိုင် ၊ အမှတ် (၂) တံတားအလွန် မိုင်တိုင်အမှတ် (၆၉/၀ နှင့် ၆၉/၁) ကြားတွင် ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့ ည (၈) နာရီအချိန်ခန့် က ဝေါမြို့ ဘက်မှ ဘုရားကြီးမြို့ ဘက်သို့  ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦ ဓါးဖြင့်ထောက်၍ လုယက်ခံရသည်ဟုသိရသည်။

"ကျွန်တော်တို့ က ဆိုင်ကယ်ဆီဖြည့်မယ်ဆိုပြီး မြို့အထွက်ကို သွားတာ ဆီမဖြည့်ဖြစ်ဘဲ ဆီဆိုင်လွန်သွားပြီး ပြန်အလှည့်မှာ ဆိုင်ကယ်သုံးစီးနဲ့ လူ(၆) ယောက်က ဓါးရှည်တစ်လက်နဲ့ ကျွန်တော့တို့ နှစ်ယောက်ကိုခြောက်လှန့် ပြီး လုယူသွားတာပါ" ဟု လုယက်ခံရသူ ဝေါမြို့  ၊ မင်းလမ်း၊ ချမ်းမြသာစည်ရပ်ကွက်တွင် နေသူ ကိုအောင်ကိုမြင့်က ပြောသည်။

၎င်း လုယက်ခံရသည့် ဖြစ်စဉ်တွင် ကိုအောင်ကိုမြင့် ဝတ်ဆင်လာသည့် နှစ်ကျပ်သားခန့် ရှိ ရွှေဆွဲကြိုးတစ်ကုံး Oppo အမျိုးအစားဖုံး ဟန်းဆက်တစ်လုံးနှင့် ကိုအောင်ကိုမြင့် မောင်းနှင်လာသည့် NCX အမျိုးအစား ဆိုင်ကယ်တစ်စီးတို့  လုယက်ခံ ရသည်ဟု သိရသည်။

အခင်းဖြစ်ညက ကိုအောင်ကိုမြင့်နှင့်အတူ ပါလာသည့် သူငယ်ချင်းဖြစ်သူ ကိုဇော်မင်းက လုယက်သူများအား တိမ်းရှောင်ပြီး ရဲစခန်းသို့ လာရောက် အကြောင်းကြားသဖြင့် မြို့မရဲစခန်းမှတာဝန်မှူးရဲအရာရှိများနှင့် နယ်ထိန်းတပ်ဖွဲဝင်များမှ ဓါးထောက်လုယက်သူများအား လိုက်လံပိတ်ဆို့ ရှာဖွေဖမ်းဆီးရာ ဖမ်းဆီးရမိခြင်း မရှိကြောင်း ဆက်လက်သိရသည်။

Waw Media
https://www.facebook.com/reporter.wawmedia
ဝေါမြို့ မှာ ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦး ဓါးထောက်လုယက်ခံရ ဝေါမြို့ မှာ ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦး ဓါးထောက်လုယက်ခံရ Reviewed by THITHTOOLWIN on 12:05 Rating: 5
Powered by Blogger.