ငဖဲမြို့နယ် စပ်စီရွာအနီး ကားလမ်းပြိုကျ၍ ရခိုင်သွားကားများ ပိတ်မိနေ


နိရဉ္စရာ၊ ဇွန် ၁၅

မကွေးတိုင် ငဖဲမြို့နယ် စပ်စီရွာအနီး ကျောက်ပုံပြိုကျပြီး ၎င်းနေရာတွင် ကားတစ်စီး မြေထဲနစ်နေသဖြင့် ရခိုင်သွားကားများ သွားလာ၍ မရဘဲ ပိတ်မိနေကြောင်း သတင်းရရှိသည်။

ဘတ်စ်ကား တစ်စီးဖြင့် ခရီးသွားတစ်ဦးက “ မနေ့ည ၁၀ နာရီလောက်ကတည်းက ပိတ်နေတာပါ။ ဒီနေ့မနက် ၇ နာရီထိ သွားလာလို့ မရသေးဘူး။ တစ်ညလုံး ကားပေါ်မှာဘဲ အိပ်ရပါတယ်” ဟု ပြောသည်။

ယခုအခါ မြေထဲနစ်နေသော ကားကို ဘတ်ဖိုးဖြင့် ဆွဲထုတ်နေသော်လည်း မရသေးကြောင်း၊ သို့သော်များမကြာမီ ကားကိုဆွဲထုတ်၍ ရနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ကားလမ်းပိတ်နေသဖြင့် ရခိုင်သို့လာသာ ကားများနှင့် ရခိုင်မှ ရန်ကုန်၊ မန္တလေးသို့ သွားသော ကားအရေအတွက် ရာနှင့်ချီပြီး ပိတ်မိနေပြီး ခရီးသွားပြည်သူများ အထူး ဒုက္ခရောက်လျက်ရှိနေကြောင်း သတင်းရရှိသည်။

Narinjara
https://www.facebook.com/Narinjara
ငဖဲမြို့နယ် စပ်စီရွာအနီး ကားလမ်းပြိုကျ၍ ရခိုင်သွားကားများ ပိတ်မိနေ ငဖဲမြို့နယ် စပ်စီရွာအနီး ကားလမ်းပြိုကျ၍ ရခိုင်သွားကားများ ပိတ်မိနေ Reviewed by THITHTOOLWIN on 08:18 Rating: 5
Powered by Blogger.