အသားစားဖို့အတွက် ခွေးတွေကို သတ်ခြင်းက တရားဥပဒေနဲ့ မညီဘူးလို့ တောင်ကိုရီယားတရားရုံး ထုတ်ပြန်


၂၁ ဇွန်

တောင်ကိုရီးယား တရားရုံးတစ်ရုံးက အသားစားဖို့အတွက် ခွေးတွေကို သတ်ခြင်းဟာ တရားဥပဒေနဲ့ မညီဘူးလို့ ဇွန်၂၁ ရက်က ထုတ်ပြန်လိုက်တာကို တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက ကြိုဆိုရင်း ခွေးနဲ့သဏ္ဍန်တူတဲ့ တိရစ္ဆာန်များ (canines) ကို သတ်စားခြင်းကို ဥပဒေနဲ့ မညီဘူးဆိုတာ ပြုလုပ်လာဖို့အတွက် လမ်းစတစ်ခုဘဲလို့ ပြောပါတယ်။

တောင်ကိုရီးယား စားသောက်ဆိုင်တွေမှာ ခွေးသားဟင်းလျာကို ရောင်းချနေတာကြာပြီဖြစ်ပါတယ်။ တစ်နှစ်ကို ခွေးပေါင်း ၁ သန်းနီးပါး စားဖို့ အသတ်ခံခဲ့ရ တယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။ခွေးတွေဟာ လူတွေရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်တယ်။ စားနပ်ရိက္ခာ မဟုတ်ဘူးဆိုတဲ့ အတွေးအခေါ်ကို လူထုကြား တွင်တွင်ကျယ်ကျယ် လုပ်ပြီးနောက် တောင်ကိုရီးယားမှာ ခွေးသားစားခြင်း လျော့နည်းတယ်လို့ သိရပါတယ်။

ခွေးအသားထုတ်တဲ့ သူတွေကလည်း အခုလို ဆုံးဖြတ်လိုက်တဲ့အပေါ် မကျေမနပ်မှုတွေ ဖြစ်နေပါတယ်။ အစိုးရ ကနေ ခွေးတွေကိုသတ်ဖို့ အသားသတ်လိုင်စင်ထုတ်ပေးခြင်း မရှိတဲ့အတွက် သားသတ်ရုံတွေမှာ အခကြေး ငွေကို နှစ်ဆပေးရလေ့ရှိပါတယ်။

ခွေးသားထုတ်တဲ့ အသားရုံက ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ချိုဝမ်ရို က “ ခွေးတွေကို သတ်စားလို့မရဘူးလို့ ပြောတာကို လက်ခံနိုင်စရာမရှိပါဘူး။ နွား၊ဝက်၊ ကြက် နှင့် ဘဲတွေကို အသားစားခွင့်ရှိပြီး ဘာကြောင့် ခွေးကျ မှ မရရတာလဲ” မကျေမနပ် မေးခွန်းထုတ်သွား ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ခွေးမွေးမြူရေးခြံပေါင်း ၁၇,ဝ၀ဝ လောက်ရှိပါတယ်။ ကိုယ်စားလှယ်ချိုက “သူတို့ အနေနဲ့ ခွေးသားသတ်ရုံ နဲ့ ခွေးသားစားခွင့်ကို တရားဝင်ဖြစ်အောင် အဆုံးထိလုပ်ဆောင်မယ်” လို့ ဆက် ပြောပါတယ်။

MDN
ကိုးကား- AFP
http://myanmardigital.news

အသားစားဖို့အတွက် ခွေးတွေကို သတ်ခြင်းက တရားဥပဒေနဲ့ မညီဘူးလို့ တောင်ကိုရီယားတရားရုံး ထုတ်ပြန် အသားစားဖို့အတွက် ခွေးတွေကို သတ်ခြင်းက တရားဥပဒေနဲ့ မညီဘူးလို့ တောင်ကိုရီယားတရားရုံး ထုတ်ပြန် Reviewed by THITHTOOLWIN on 10:50 Rating: 5
Powered by Blogger.