ဆီးရီးယားတွင် ရုရှားရဟတ်ယာဉ်ပျက်ကျရာ လေယာဉ်မှူး ၂ဦးစလုံး သေဆုံး

ဆီးရီးယားနိုင်ငံရှိ ရုရှားတိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)
 မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း တွင် ရုရှား Ka-52 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က မေ ၇ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်သည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းဒေသများအပေါ် စီစဉ်ထားမှုတစ်ခုအရ ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

ကနဦး သတင်းရရှိချက်များအရ ပျက်ကျမှုမဖြစ်ပွားခင် ရဟတ်ယာဉ် ၌ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက် ၌ပါရှိသည်။

မေလ အစောပိုင်းကလည်း ဆီးရီးယားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းအလွန် မြေထဲပင်လယ်၌ ရုရှား Su-30SM တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့သေးကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ဆီးရီးယားတွင် ရုရှားရဟတ်ယာဉ်ပျက်ကျရာ လေယာဉ်မှူး ၂ဦးစလုံး သေဆုံး ဆီးရီးယားတွင် ရုရှားရဟတ်ယာဉ်ပျက်ကျရာ လေယာဉ်မှူး ၂ဦးစလုံး သေဆုံး Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.