မန္တလေးမြို့နင့်အနီးတဝိုက် မိုးတိမ်တောင်ကြောင် မိုးသက်လေပြင်းကျရောက်ပြီး နေရာအချို့ မိုးသီးကြွေကျ


ဧပြီ ၂၆ ။

မန္တလေးမြို့နင့်အနီးတဝိုက်တွင် ဧပြီ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်မှစ၍ အားကောင်း သည့် မိုးတိမ် တောင်များကြောင့် ဖြစ်ပေါ်သည့် မိုးရွာသွန်းမှုနှင့်အတူ မိုးသက်လေပြင်များကျရောက်ခဲ့သည့်အပြင် မြိုတွင်းနေရာချို့၌ မိုးသီးများ ကြွေကျခဲ့ကြောင်းမန္တလေးတိုင်းမိုးဇလညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြို့အရှေဘက်ပိုင်း အောင်မြေသာစံမြို့နယ်အတွင်း သစ်ပင်အချို့ နှင်ဓါတ်တိုင်များလဲကျခြင်း ၊အကိုင်း အခက်များ ကျိုးခြင်းတိုအပြင်နှင် ကြော်ညာဘီဘုတ်များ လဲကျခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်း ချမ်းမြသာစည်မြို့နယ် လေကြောင်းမိုးလေ၀သ စခန်းရုံးတွင် မွန်းလွဲ ၁နာရီ ၁၉ မိနစ် ခန့်က အရှေ့တောင်အရပ်မှ တစ်နာရီလျင် ၁၀ မိုင်နုန်းဖြင့် စတင်တိုက်ခတ်ခဲ့ပြီး ၁ နာရီ ခွဲကျော်တွင် အရှေ့တောင်အရပ်မှ တစ်နာရီလျင် ၂၅ မိုင်မှ မိုင် ၃၀ အထိတိုက်ခတ် ခဲံကြောင်း၊ထို့နောက်တဖြည်းဖြည်း လေတိုက်ခတ်မှု နုးန်ကျဆင်းလာရာ ၂ နာရီခွဲခန့်တွင် ၁၀ မိုင်မှ ၁၅ မိုင်နုန်းကြားတိုက်ခတ်ခဲ့ကြောင်း ယင်းဌာနမှ သိရသည်။


၎င်းဖြစ်စဉ်နှင့် အတူ ၁၂ နာရီခွဲခန့်တွင် အနောက်မြောက်အရပ်ဘက်မှ မိုးချိန်းခဲ့ပြီးနောက် ၁ နာရီခွဲခန့်တွင် မိုးစတငရွာခဲ့ကာ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မိုးရွာသွန်းမှုရပ်ဆဲသွားကြောင်း၊မိုးရေချိန်မှာ ညနေ ၃နာရီခွဲတိုင်း ထွာချက်များအရ ၁၄ မီလီမီတာ(၀ဒသမ ၅၅)လက်မရှိကြောင်းသိရသည်။

Mandalay News
မန္တလေးမြို့နင့်အနီးတဝိုက် မိုးတိမ်တောင်ကြောင် မိုးသက်လေပြင်းကျရောက်ပြီး နေရာအချို့ မိုးသီးကြွေကျ မန္တလေးမြို့နင့်အနီးတဝိုက် မိုးတိမ်တောင်ကြောင် မိုးသက်လေပြင်းကျရောက်ပြီး နေရာအချို့ မိုးသီးကြွေကျ Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.