ခရီးသည် ၁ဝ ဦးပါ မှန်လုံယာဉ်ငယ် ဝိုင်ယာရှော့ဖြစ် မီးလောင်

မကွေး ဧပြီ ၁ဝ

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး မကွေး-တောင်တွင်း ကားလမ်းတွင်ဧပြီ ၁ဝ ရက် မွန်းလွဲ၂ နာရီ မိနစ်၅ဝ က ယာဉ်တစ်စီး မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်း မကွေးနယ်မြေရဲစခန်းမှ သိရသည်။


ယာဉ်မီးလောင်ကြောင်းသတင်းအရ ယင်းဆိပ်ရဲကင်းစခန်းမှ ရဲအုပ်သန်း စိုးနှင့်အဖွဲ့သည် ဆူးကောက်စမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အောင်လံမြို့မှ ပခုက္ကူမြို့သို့ အောင်လံမြို့ ကျောက်ဆည်ရွာ နေသူ ယာဉ်မောင်း ဦးသိန်းဇော် (၄၇ နှစ်) မောင်းနှင်လာသော5N/----- ခရီးသည်တင် IVECO မှန်လုံယာဉ်သည် ခရီးသည် ၁ဝ ဦး တင်ဆောင်မောင်းနှင်လာစဉ် မကွေး-တောင်တွင်းကားလမ်း မိုင်တိုင်အမှတ် ၃၁၈/၆ နှင့် ၃၁၈/၇ ကြား ရှားပင်လှ ကျေးရွာအနီးအရောက်တွင် ကားဒက်ရှ်ဘုတ်ထဲမှ ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိ ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း ဦးသိန်းဇော်အား မကွေးနယ်မြေရဲစခန်း က အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခရီးသည် ၁ဝ ဦးပါ မှန်လုံယာဉ်ငယ် ဝိုင်ယာရှော့ဖြစ် မီးလောင် ခရီးသည် ၁ဝ ဦးပါ မှန်လုံယာဉ်ငယ် ဝိုင်ယာရှော့ဖြစ် မီးလောင် Reviewed by THITHTOOLWIN on 10:23 Rating: 5
Powered by Blogger.