ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြ တက္ကသိုလ် ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ တက္ကသိုလ်မှာ အစိုးရအလုပ်အကိုင် ခန့်ထားမှု ပြဿနာနဲ့ပတ်သက်လို့ ဆန္ဒပြ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ၊ ရဲက ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့လို့ အနည်းဆုံးလူ ၁၀၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပြီးတဲ့နောက် မနေ့ကတော့ နိုင်ငံတ၀ှမ်း ထောင်နဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ လက်ထက်အတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်သွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ဒါကာတက္ကသိုလ်အပါအ၀င်၊ စစ်တကောင်း၊ ကူလ်နာ၊ ရာရှာဟီ၊ ဘရီဆယ်၊ ရန်ကူ၊ ဆာဇာ စတဲ့ တက္ကသိုလ်တွေမှာ ကျောင်းသူကျောင်းသားတွေ ထိုင်သပိတ် ဆင်နွဲနေကြပါတယ်။

တောင်းဆိုချက်တွေမရမချင်း သပိတ်တိုက်ပွဲ ရပ်ဆိုင်းမှာမဟုတ်ကြောင်းလည်း ကျောင်းသားတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြ တက္ကသိုလ် ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရ ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြ တက္ကသိုလ် ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:31 Rating: 5
Powered by Blogger.