ပါချောင်သတ်ဖြတ်မှုတွင် ပါဝင်သူ သံချောင်း လွတ်မြောက်


ရန်ကုန် ၊ ဧပြီ ၁၇

၁၉၉၁-၁၉၉၂ ခုနှစ်အတွင်း ကချင် ပြည်နယ်၊ ပါချောင်ဒေသ-လိုင်ဇာ စခန်းတွင် ကျောင်းသား အချင်းချင်း သတ်ဖြတ်မှု ဖြစ်ပေါ် ခဲ့ပြီး (၃၅)ဦး သေဆုံးခဲ့မှုတွင် အဓိကပါဝင်သူ တစ်ဦးဖြစ်သည့် သံချောင်းသည်ယနေနံနက်ပိုင်း ကသမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်။

ထောက်လှမ်းရေးဟုစွတ်စွဲကာ ကျောင်းသားတပ်မတော်မြောက်ပိုင်းတပ်ဖွဲ့မှ ကျောင်းသား၁၀၇ဦးကို ဖမ်းဆီးကာ စုံစမ်းမှုများကြောင့် အထက်မြန်မာပြည် ဗကသ ဥက္ကဌ ကိုထွန်းအောင်ကျော်အပါအဝင် ကျောင်းသား ၃၅ဦးသေဆုံးခဲ့ပြီး ကျန်ကျောင်းသားများ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
၎င်းလွတ်မြောက်ခဲ့မှုနှင်ပတ်သက်၍ ပါချောင်သတ်ဖြတ်မှုမှ လွတိမြောက်ခဲသည့် ကျောင်းသားများကကျေနပ်မှုမရှိကြောင်း စုံစမ်းသိရှိရသည်။

ယင်းသတ်ဖြတ်မှုတွင် လွတ်မြောက်လာသူ နန်အောင်ထွေးကြည်က" မတရားမှုတွေ ထွန်းကားနေတဲ့တိုင်းပြည်မှာ တရားဆိုတာ ရှာမတွေ့ပါ"လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

ယင်းအပြင် လူချင်းတွေ့ကာ မျက်ခြင်းဆိုင်ရှင်းရဲ သည်ဟု နန်းအောင်ထွေးကြည်ကရေး သားထားသည်။
ယင်းအပြင် AAPPမှ အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အကြောင်းပြကာ သံချောင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်ထည့်သွင်းခဲ့သည့် အပေါ်တွင် ကျေနပ်မှုမရှိကြောင်း သတ်ဖြတ်ခံကျောင်းသားများ၏ မိသားစုဝင်ဆွေမျိုးများကဆိုသည်။

ယင်း ဖြစ်စဉ် အပေါ် ABSDF ဗဟိုမှ တာဝန်ယူမှု နည်းခဲ့ကြောင်း ရေငုံနှုတ်ပိတ်နေ ခဲ့ကြောင်း ဝေဖန်မှုများ ရှိလာခဲ့ပြီး ၂၀၁၂ခုနှစ်တွင် ကော်မတီ တစ်ရပ် ဖွဲ့စည်း၍ စုံစမ်း မှုများ ပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် ပါချောင်ဒေသ လိုင်ဇာစခန်းတွင် ကျဆုံးခဲ့ရသည့် ABSDF ကျောင်းသားများ၏ (၂၃)နှစ် မြောက်နေ့ ဖြစ်ပြီး လွတ်မြောက် လာသည့် ကျောင်းသားများ အနေဖြင့် ယင်းဖြစ်စဉ်ကို အကြောင်းအမျိုးမျိုးကြောင့် ရေငုံနှုတ်ပိတ်နေခဲ့ သော်လည်း ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ နှစ်(၂၀) မြောက် နေ့မှစတင်ကာ နှစ်စဉ်ကျဆုံး ရဲဘော်များ အတွက် အခမ်းအနားများ ကျင်းပခဲ့ကြသည်။

ညီထွန်းသူ
မြန်မာသံတော်ဆင့်နေ့စဉ် The Mobile Herald
ပါချောင်သတ်ဖြတ်မှုတွင် ပါဝင်သူ သံချောင်း လွတ်မြောက် ပါချောင်သတ်ဖြတ်မှုတွင် ပါဝင်သူ သံချောင်း လွတ်မြောက် Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.