တိုက်ပွဲတွေကြောင့် ပိတ်မိသူတွေ လွှတ်ပေးရေး သပိတ်စခန်း ပိတ်သိမ်း

ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းမှာ ဖွင့်လှစ်တဲ့ သပိတ်စခန်းကို ပိတ်ပင်တားမြစ်စဉ်/ Photo: Kachin Youth Movement
ကချင်ပြည်နယ်က မြို့နယ်အတော်များများမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေ တာကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ရင်း ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အတွက် မြစ်ကြီးနားမြို့ မှာ ဒီနေ့ညနေပိုင်းက ဖွင့်လှစ်တဲ့ သပိတ်စခန်းကို ပြည်နယ်ဝန်ကြီးချုပ် လက်မှတ်နဲ့ ခွင့်မပြုကြောင်း စာထုတ်ပြီး တားမြစ်တာကြောင့် ပိတ်သိမ်းလိုက်ပါတယ်။

မြစ်ကြီးနားမြို့ အ.ထ.က ၈ ကျောင်းရှေ့မှာ သပိတ်စခန်းဖွင့်တာကို တားမြစ်တာကြောင့် ပိတ်သိမ်းလိုက်ပေမယ့် တခြားနေရာမှာ ထပ်မံဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ သပိတ်စခန်းဖြစ်မြောက်ရေးတာဝန်ခံ မဆွတ်ဆိုင်းထွယ် က ပြောပါတယ်။

ပြည်နယ်ရဲမှူးကြီး သန်းဦး က ငြိမ်းစုစီဥပဒေနဲ့ မညီတာကြောင့် တားမြစ်တာဖြစ်တယ်လို့ အခုလိုပြောပါတယ်။

အဲဒီသပိတ်စခန်းမှာ ကချင်လူငယ် ၂၀၀ နီးပါး ပါဝင်ပါတယ်။

ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် မနက်ပိုင်းမှာ ဒေသခံတွေအရပ်ဖက်အဖွဲ့တွေ နိုင်ငံရေး ပါတီတွေက ပါဝင်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲနဲ့ သပိတ်စခန်းကို "ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီ" က ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။ အဲဒီ ကော်မတီကို ကချင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဖားကန့်၊ တနိုင်း၊ အင်ဂျန်းယန်၊ မိုးကောင်းစတဲ့ ဒေသတွေမှာ အစိုးရနဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံတွေ တောတောင်တွေထဲမှာ ပုန်းအောင်းခိုလှုံနေကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
တိုက်ပွဲတွေကြောင့် ပိတ်မိသူတွေ လွှတ်ပေးရေး သပိတ်စခန်း ပိတ်သိမ်း တိုက်ပွဲတွေကြောင့် ပိတ်မိသူတွေ လွှတ်ပေးရေး သပိတ်စခန်း ပိတ်သိမ်း Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.