သက်ငယ်မိန်းကလေးနှစ်ဦး အဓမ္မပြုကျင့်ဟုယူဆရသော ဧဝံဂေလိဆရာတော်ကို တာဟန်းရဲစခန်းက ချုပ်ရမန်ယူ


ဧပြီ(၁၄)၊ ၂၀၁၈

သက်ငယ် မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်သည်ဟုယူဆရသော ဧဝံဂေလိဆရာတော် Lal Biak Lar@ Lar Boih ကို တာဟန်းရဲစခန်းက ကလေးမြို့နယ်တရားရုံးတွင် ဧပြီလ ၁၄ ရက်နေ့  ယနေ့ ချုပ်ရမန်ယူကြောင်း သတင်းရရှိသည်။

တာဟန်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ ဒီလ (၂၇)ရက်ထိ ချုပ်ရမန်ယူထားတယ်။ ခုတော့ ကလေးမြို့နယ် ရဲစခန်း အချုပ်ထဲမှာထားတယ်။ သူ့မိသားစုနဲ့လည်းတွေ့ခွင့်ရတယ်”ဟုပြောသည်။

အဓမ္မပြုကျင့်ခံရသည်ဟုယူဆရသော မိန်းကလေးနှစ်ဦးရဲ့ ဆေးစာကို သင်္ကြန်ပွဲပြီးမှသာအဖြေထွက်လာနိုင်မည်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းအနေဖြင့် အခင်းဖြစ်စဉ်ဝတ်ဆင်ထားသော မိန်းကလေး၏ ဘောင်ဘီတစ်ထည်သိမ်းစည်းထားကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင်နေထိုင်သော ဧဝံဂေလိဆရာတော် Lal Biak Lar@Lar Boih သည် ၄င်းနေအိမ်တွင် ဖလမ်းမြို့နယ်မှ လာရောက်နေထိုင်သော မိုင်…..(၁၅)နှစ်ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းတွင်လည်းကောင်း၊ မိုင်……(၁၄)နှစ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင်လည်းကောင်း အဓမ္မပြုကျင့်ရန်ကြိုးစားအားထုတ်မှု၊ နာကျင်စေမှုတို့ကြောင့် ကလေးမြို့နယ် ရဲစခန်းမှ ပုဒ်မ (၃၇၆/၅၁၁)၊ (၃၂၃)၊ (၅၀၆) တို့ဖြင့် ဧပြီလ(၁၃)ရက်တွင် အမှုဖွင့်ဖမ်းဆီးပြီး ချုပ်ရမန်ယူခြင်းဖြစ်သည်။

Zalen Thuthang
https://www.facebook.com/Zalen-Thuthang
သက်ငယ်မိန်းကလေးနှစ်ဦး အဓမ္မပြုကျင့်ဟုယူဆရသော ဧဝံဂေလိဆရာတော်ကို တာဟန်းရဲစခန်းက ချုပ်ရမန်ယူ သက်ငယ်မိန်းကလေးနှစ်ဦး အဓမ္မပြုကျင့်ဟုယူဆရသော ဧဝံဂေလိဆရာတော်ကို တာဟန်းရဲစခန်းက ချုပ်ရမန်ယူ Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.