ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်ကစားသူ ယာဘဆေးပြားတွေနဲ့မိ

အမျိုးသမီးများ ခရစ်ကတ် ကစားစဉ်
ဘင်္ဂလားဒေ့ရှ်မှာ ခရစ်ကတ် ကစားတဲ့ အမျိုးသမီး ဆီမှာ မက်သဖက်တမင်း လို့ ခေါ်တဲ့ ယာဘ စိတ်ကြွဆေးပြား တသောင်းလေးထောင် လက်ဝယ်တွေ့ရှိတဲ့ အတွက် ရဲက ဖမ်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ခရစ်ကတ်အသင်းမှာပါတဲ့Nasrin Khan Mukta နဲ့ ကစားဖော်တွေပါတဲ့ ကော့ဆက်ဘဇားကိုသွားတဲ့ ဘတ်စ်ကားကို ရပ်တန့်ရှာဖွေစဉ် အခုလို ဖမ်းဆီးမိတာ ဖြစ်ပါတယ်။

သူ့ကို မူးယစ်ဆေးတရားမ၀င် ရောင်းဝယ်မှုနဲ့ စွဲချက်တင်မယ်လို့ ရဲက ပြောပြီး အပြစ်ရှိကြောင်း ထင်ရှားရင် အများဆုံးပြစ်ဒဏ် ထောင်တသက် ကျခံရနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်က မြို့ကြီးတွေမှာ ယာဘလို့ ခေါ်တဲ့ မက်သဖက်တမင်း သုံးစွဲမှု ခုနှစ်ပိုင်းတွေ အတွင်း တိုးလာနေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်ကစားသူ ယာဘဆေးပြားတွေနဲ့မိ ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်ကစားသူ ယာဘဆေးပြားတွေနဲ့မိ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.