ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၆ဦးသေဆုံး

Mi-8 အမျိုးအစား ရဟတ်ယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ဗလာဒီဗိုစတော့ခ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

    ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း ရှိ Khabarovsk မြို့ တွင် Mi-8 ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူ ၆ဦးသေဆုံးကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ဧပြီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျမှုသည် ဒေသစံတော်ချိန် နံနက် ၁၁း၃၀နာရီတွင်ဖြစ်ပွားခဲ့ပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ဆင်းသက်ခဲ့ကြောင်း သိရသည်။

ကနဦးရရှိသည့် သတင်းအချက်အလက်များအရ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသော လူ ၆ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၆ဦးသေဆုံး ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၆ဦးသေဆုံး Reviewed by THITHTOOLWIN on 11:08 Rating: 5
Powered by Blogger.