၎ လ အတွင်း အရင် ကော်မရှင်ထက် တိုင်စာ ၅ ဆ ရရှိထား

ပိုင်ရှင် လယ်သမားတွေ လက်ထဲ ပြန်မရောက်
မြန်မာနိုင်ငံမှာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေနဲ့ ဗဟို အဆင့် တစ်ခုသာ ရှိနေရာကနေ၊ ပြည်နယ်တိုင်း အဆင့်တွေ မှာပါ ရုံးခွဲတွေ ထားရှိပြီး၊ ဝန်ထမ်း အင်အား ကိုလည်း ၆ဝဝ လောက် အထိ တိုးချဲ့ဖို့ ရည်မှန်း ထားတယ်လို့ ကော်မရှင်က ပြောပါတယ်။

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ဦးဆောင် စေပြီး ကော်မရှင် ပြန်လည် ဖွဲ့စည်း ထားတဲ့ ၄ လကျော် သက်တမ်း အတွင်းမှာ၊ အရင် ကော်မရှင် လက်ထက်ကထက် တိုင်ကြားစာ ၅ ဆ ဝန်းကျင် ရရှိ ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း က ပဲ သမ္မတသစ် ဦးဝင်းမြင့်က၊ ကော်မရှင်က တာဝန် ရှိသူတွေကို ခေါ်ယူ တွေ့ဆုံပြီး၊ ကော်မရှင်ရဲ့ အလုပ်တွေကို အားပေးစကား ပြောရင်းမှာပဲ အာဏာရှိသူတွေ စွက်ဖက် ဟန့်တားတာတွေ ကြုံရရင် သူ့ကို အကြောင်းကြားဖို့ ပြော ခဲ့ပါတယ်။
စိုက်ဧကတွေ အသိမ်းခံရတာများခဲ့
တိုင်စာတွေ လက်ခံရရှိတဲ့ အခါ စုံစမ်းရေး အဖွဲ့ဖွဲ့ပြီး အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယူဆတဲ့ အခါတွေမှာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေ အလိုက် ရဲစခန်းတွေကတဆင့် တိုင်ချက်ဖွင့်ပြီး တရားစွဲတာမျိုး ပြုလုပ်တယ်လို့ ကော်မရှင် ပြန်ကြားရေး တာဝန်ခံ ဦးဟန်ညွန့်က ဘီဘီစီကို ပြောပါတယ်။

တိုင်ကြားသူ မရှိပေမယ့် နာမည်ပျက်နဲ့ ကျော်ဇောသူကို ကော်မရှင်ဘက်က အရေးယူလို့ ရအောင် ဥပဒေ ပြင်ဆင်ချက် ပြုလုပ် နေပြီး၊ အခုဆို အမျိုးသား လွှတ်တော်မှာ အတည်ပြု နိုင်ခဲ့ပြီးလို့လည်း ဦးဟန်ညွန့်က ဆိုပါတယ်။

စစ်တပ်သိမ်း မြေယာတွေ ပြန်ပေးတဲ့ အရေး ကိစ္စမျိုးတွေမှာ ပိုင်ရှင် လယ်သမားတွေ လက်ထဲ ပြန်မရောက်ပုံကို အခု ကော်မရှင်က အလေးထားပုံ ရပေမယ့်၊ လက်တွေ့မှာတော့ အခြေအနေ ထူးခြား တိုးတက် လာတာ မရှိသေးဘူးလို့ လယ်သမားအရေး လှုပ်ရှား ဆောင်ရွက်သူတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
၎ လ အတွင်း အရင် ကော်မရှင်ထက် တိုင်စာ ၅ ဆ ရရှိထား ၄ လ အတွင်း အရင် ကော်မရှင်ထက် တိုင်စာ ၅ ဆ ရရှိထား Reviewed by THITHTOOLWIN on 07:15 Rating: 5
Powered by Blogger.