မူးယစ်ရမ်းကားလို့ဆိုပြီး ရဲက လူငယ်တစ်ဦးကို သေနတ်နဲ့ပစ်

သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့သူတစ်ဦးကို တွေ့ရစဉ် ။ Photo: RFA
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာမှာ မနေ့က သင်္ကြန်တွင်း မူးယစ်ရမ်းကားလို့ဆိုပြီး လူငယ်တစ်ဦးကို ရဲကသေနတ်နဲ့ ပစ်ခတ်လိုက်တဲ့အတွက် ကျည်ထိမှန်ပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေး ကုသမှုခံယူနေပါတယ်။

ဒီနေ့မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောတင် က ပြောပါတယ်။

ကျောက်တောင်ကျေးရွာမှာရှိတဲ့ ရေလောင်းမဏ္ဍပ်ကို ပိတ်သိမ်းပြီးချိန်မှာ အဲဒီလူငယ်ဟာ ရွာထဲမှာဓားကိုင်ပြီး ရမ်းကားနေတာလို့ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်သားတွေက အဲဒီလူငယ်ကို ဝိုင်းဝန်းထိန်းသိမ်းဖို့ကြိုးပမ်းရာမှာ ရဲတပ်သား ကမြေပေါ်ကိုစိုက်ပြီး ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆံဟာ ချော်ထွက်ပြီး အဲဒီလူငယ်ရဲ့တင်ပါးကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။

ဒီဖြစ်စဉ်အတွက် သေနတ်ကျည်ထိမှန်ခဲ့တဲ့လူငယ်ကို အမှုဖွင့်ထားသလို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်သားကိုပါ ဒီနေ့စုံစမ်းစစ်ဆေးနေတာဖြစ်တယ်လို့လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
မူးယစ်ရမ်းကားလို့ဆိုပြီး ရဲက လူငယ်တစ်ဦးကို သေနတ်နဲ့ပစ် မူးယစ်ရမ်းကားလို့ဆိုပြီး ရဲက လူငယ်တစ်ဦးကို သေနတ်နဲ့ပစ် Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.